Tuesday, 12 March 2013
ကျွန်တော်ရဲ့ ချစ်သူအတွက်အိမ်
         နှစ်လုံးသားမြိုတော်၊ သံယောဇဉ်ရပ်ကွက်၊ ခြံနံပါတ် ၁၅၀၀ ရဲ့ ရှေ့တည့်တည့်ရောက်တော့  ရင်ခွင်တံခါးဆိုတဲ့ တံခါးလေးကို တွန်းဖွင့်လိုက်တာနဲ့ ကျွန်တော့ရင်ထဲ ငြိမ်းချမ်းသွားလိုက်တာ။ ကြည့်ပါဦး…သမုသယဆိုတဲ့ လမ်းဖုံဖုံလေး…၊ လမ်းလေးဘေးမှာတော့ သစ္စာပန်းခင်းလေးက ဝေေ၀ဆာဆာနဲ့ လှပနေလိုက်တာ…။ လမ်းလေး၇ဲ့ အဆုံးမှာတော့ မေတ္တာအိမ်လေးကို ရောက်တယ်။
     မေတ္တာအိမ်လေးကတော့ သစ္စာဆိုတဲ့ တိုင်တွေနဲ့ ခိုင်ခိုင်ခံ့ခံ့ တည်ထားတာဆိုတော့ လေပြင်းမုန်တိုင်းတွေ  ရဲ့ ဒဏ်ကို ကောင်းကောင်းခံနိုင်တာပေါ့..။ ချစ်ခြင်းဆိုတဲ့ အကာအရံတွေကလဲ ထူထူထဲထဲနဲ့မို့ ချစ်သူကို လုံခြုံစေမှာ အသေအချာပါပဲ။ အယုအယဆိုတဲ့ ကြမ်းခင်းကလည်း နူးနူးညံ့ညံ့၊ ဂရုဏာဆိုတဲ့ အလင်းရောင်လေး ကလည်း မေတ္တာအိမ်လေးကို လုံလောက်တဲ့ တောက်ပမှုကိုပေးလျှက်…။ သံယျောဇဉ်ဆေးရာင်လေးက ထူထူထဲထဲ၊ သစ်သစ်လွင်လွင်။ အိမ်လေးတစ်ခုလုံးမှာလည်း ကျွန်တော့် ရင်ခုန်သံ သဲ့သဲ့ကိုလည်း ကြားရတယ် မဟုတ်လား..။   
      အကြင်နာတရားတွေ လွှမ်းခြုံထားတဲ့ အိပ်ခန်းလေးက ၇ိုးစင်းနေပေမယ့် တကယ့်ကိုပဲ နွေးနွေးထွေးထွေးနဲ့ ကြည်နူးစ၇ာ…။  ဘေးက ပြတင်းပေါက်လေးကို ဖွင့်လိုက်တော့ ချစ်သူ့ဥယျာဉ်လေးကို စိမ်းစိမ်းလန်းစိုပြေစွာနဲ့ တွေ့ရတယ်။ ဥယျာဉ်လေးမှာ တော်ဝင်သစ်သီးတွေ မရှိပေမယ့် ချစ်သူအတွက်ရည်းစူးပြီး  ကျွန်တော်ရဲ့ ရှိရှိသမျှသော ကာယ၊ ဥာဏ်ဏအားတွေနဲ့ ချစ်သူအတွက်တည်ထားတာလေ…။ စေတနာဆိုတဲ့ မြေဆီသြဇာ အပြည့်နဲ့မို့ ချစ်သူကို ခံတွင်းတွေ့စေမယ်လို့ အာမခံတယ်ဗျာ..။  ဥယျာဉ်လေးဘေးမှာတော့ ဥတုသုံးပါးမရွေး အမြဲတမ်း လျှံထွက်နေတဲ့ မေတ္တာရေတွင်းလေး..။ အမှန်တော့ ဒီရေတွင်းလေးက ကျွန်တော်တူးဖေါ်ထားတာ  မဟုတ်ပါဘူး။ ချစ်သူကို စတွေ့တဲနေ့ကစပြီး သူ့အလိုလိုမေတ္တာစမ်းကြော လျှံထွက်လာတာလေ..။ ဟဲဟဲ… အံအြ သွားလား..? ဒဲဒါပေါ့ ချစ်သူအပေါ်မှာထားတဲ့ ကျွန်တော်ရဲ့ အချစ်တွေက ထုထည်ကြီးမားလွန်းတာကို..။
       ကျွန်တော်ကတော့ ချစ်သူလာနေလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီအိမ်လေးကို ပိုမိုပြီးပြည်စုံအောင်မွမ်းမံတည်ဆောက်ရင်း ယုံကြည်စွာနဲ့ ချစ်သူကိုစောင့်မျှော်နေလျှက်ပါ။ဒါပေမယ့် ချစ်သူကတော့ ကျွန်တော်ရဲ့ မေတ္တာအိမ်လေးကို စောင်းငဲ့ကြည်ဖို့တော် စိတ်မပါသလိုပဲ..။ သူအရင်က အလည်ရောက်ဖူးတဲ့ အိမ်တစ်လုံးလောက် မခမ်းနားလို့လားလို့ စိတ်မကောင်းစွာနဲ့ တခါတရံတွေးမိတယ်ဗျာ..။ ဘာပဲပြောပြော ကျွန်တော့် ချစ်သူတစ်နေ့မှာ ဒီအိမ်လေးရဲ့ သခင်မအဖြစ် စိုးစံလိမ့်မယ်ဆိုကိုပဲ ယုံကြည်ရင်း ကျွန်တော်ရဲ့ မနက်ဖြန်ပေါင်းများစွာမှာ ဒီအိမ်လေးမှာရှိနေမယ်..။
      အေးဗျာ.. ကျွန်တော်ချစ်သူနဲ့တွေ့၇င် ကျွန်တော်တည်ဆေက်နေတဲ့ မေတ္တာအိမ်လေးရဲ့သာယာကြည်နူးဖွယ်ကောင်းပုံတွေ၊ အိမ်လေးတစ်ခုလုံးမှာ သစ္စာ၊ မေတ္တာ၊ စေတနာ၊ ဂရုဏာနဲ့ အကြင်နာ အငွေ့အသက်တွေ လွှမ်းခြုံထားတာကို ပြေပြပေးပါနော်..။ အလည်ခဏတာပဲဖြစ်ဖြစ် လာနေကြည့်ရင် ပျှော်ရွှင်မှာသေချာကြောင်းနဲ့ ဒီအိမ်လေးဟာ သူ့အတွက်သာရည်ရွယ်ကြောင်းနဲ့ ဒါဟာ ကျွန်တော့်ဘ၀မှာ ပထဦးဆုံးနဲ့ နောက်ဆုံးတည်ဆောက်ခြင်းဆိုတာကိုပါ ပြောပြပေးပါ..။ကျေးဇူးတင်ပါတယ်ဗျာ…။