Sunday, 28 July 2013
ကျွန်တော်၏
အသည်ကွဲ ဇာတ်လမ်း ၁
အဲဒီအခိုက်အတန့်မှာ ပတ်ဝန်းကျင်တစ်ခုလုံး ဘာသံမှ မကြားရလောက်အောင်ကို တိတ်ဆိတ်နေတယ်။ သူမရဲ့ ဆံပင်၇ှည်တစ်ချို့ကို လေပြည်တစ်ချို့ တိုးခွေ့
ကျီစယ်သွားတယ်။ ဆံနွယ်တွေကို သပ်တင်လိုက်ရင်း သူမ တည်တည်ငြိမ်ငြိမ် ပြုံးလိုက်တယ်..။
သူမရဲ့ မျက်နှာကို မျှော်လင့်ချက်ကြီးတစ်ခုနဲု့
စောင့်ကြည့်ရင်း အဖြေကိုစောင့်နေရတဲ့ အချိန်ဟာ ယက်ကန်ယက်ကန်ဖြေထား စာမေးပွဲအောင်စာရင်းကို
နားစွင့်နေရသလိုမျိုး…။
အင်း…
တရားသူကြီးရဲ့ စီရီချက်အမိန့်ချခံရတော့မယ့်
တရားခံတစ်ယောက်ရဲ့ ခံစားချက်နဲ့ ပိုတူနေမလား..။
“လက်မခံ
နိုင်ပါဘူး”
ခပ်တိုးတိုးပါပဲ….
ဒါပေမယ့် နားထဲမှာ မိုးကြိုး ပစ်သံထက် ကျယ်လောင်သွားတယ်..။
လူလည်း စောင်းငမ်းစောင်ငမ်းနဲ့ တစ်ဖက်လည်ပြီး လမ်းဘေးကို ခြေနှစ်လှမ်းစာလောက်ရောက်
သွားတယ်..။ ဒါပေပမယ့် သူမမျက်နှာကိုတော့ ကျင်းထဲထည့်လိုက်ရတော့မယ့် မသာကို နှမြောနေတဲ့သူ
မျက်နှာပေးနဲ့ မျက်တောင်မခတ်တမ်းကြည့်မိနေတုန်းပဲ…။
အြော်
ခုတော့ မင်းက ငါရဲ့ သိုး ငယ်လို နှလုံးသားပိုင်ရှင်
တစ်ယောက်ရဲ့ မင်းကိုချစ်လွန်းလို့ ခြင်္သေ့စိတ်မွေးပြီး ယုန်တစ်ကောင်လို အလန့်တကြား
ချစ်ခွင့်တောင်း၊ အဖြေကို ကုလားအုပ်လို လည်ပင်းရှည်အောင်စောင့်ပြီး မင်းရဲ့အနား ကြောင်တစ်ကောင်
ပွတ်သီးပွတ်သပ်နေခွင့ရဖို့ မျှော်လင့်ခဲ့တဲ့ ငါအဖြစ်က ခုတော့ မျောက်သစ်ကိုင်းလွတ်တဲ့
အဖြစ်ပါလား..။ အဲဒီလို အမိုက်စား ဒိုင်ကြောင်တွေကို
စိတ်ထဲစာစီလို့ ပြောမယ်ကြံခါမှ တရိစ္ဆန်တွေထဲ တတ်ကို မတတ်တာသတိရပြီး စကားလုံးတွေကို
မဆန့်မပြဲ ပြန်မျိုချလိုက်ရတာ “ဂလု” လို့ အသံထွက်ပြီး…မျက်လုံးပါ နည်းနည်းပြူးလာတယ်..။
နဂို ကတ္တရာဆေး ရောင်နုနု အသားအရောင်လည်း သပိတ်ရောင်ထပ်တင်လိုက်ဖြစ်လာပြီး လည်ဇလုပ်ကြီး
တတ်လိုက် ကျလိုက်နဲ့ မျက်လုံးပြူးလာတဲ့ ကျွန်တော်ကို အံ့အြသလိုကြည့်နေတယ်..။
မလန့်ပါနဲ့
ချစ်သူ… ငါက မင်းကိုဘာမှမတုန့်ပြန်နိုင်ပါဘူး..။ မင်းရဲ့ ငြင်းဆန်မှုကြောင့် ခံစားနေရတဲ့ ရင်ထဲက နာကျင်မှု၊ ခြေထောက်က နာကျင်မှုတွေကြောင့်
ကိုယ့်ကိုကိုယ် ယိုင်လဲမသွားရအောင်ကြိုးစားရပ်တည်နေရသူပါ… အခုဆိုရင် ကိုယ်ပုံစံမပျက်
မင်းရဲ့ ရှေ့မှာ ရပ်တည်ဖို့တောင် ခြေထောက်ကနာကျင်မှုက ပိုလာ … ခြေထောက်ကနာကျင်မှုက
ပိုလာ…..။ အဲ…. အသည်းကွဲတာ ဘာလို့ ခြေထောက်ကနာရမှာလဲ
??? ထုံးစံ အတိုင်းတစ်ခုခုတော့ လွဲနေပြန်ပြီလား…??
ဂျိုးနာ
မိုးမိရုပ်ကို ဟန်မပျက်အောင်ထိန်းရင်း မျက်လုံးကို တဖြည်းဖြည်းနဲ့ ခြေထောက်ကို ကြည့်ရတယ်…။
ကိုယ်က ဒီဇာတ်လမ်းမှာ သူမနဲ့ ကိုယ်နှစ်ယောက်တည်းဆိုတော့ မင်းသားမဟုတ်လား…။ အိုက်တင်က
အသည်းကွဲမင်းသား တစ်ယောက်လို ပြီပြင်နေရမယ် ..။ ဗီဒီယိုတွေ ကြည့်ထားတာ အလကား မဖြစ်စေရ။
တွေ့ပါပြီ..
“ဟင့်.. အမေ့”…။ ပါးစပ်ကလည်း အသံထွက်သလို မျက်ရည်လည်း ၀ိုင်းလာတဲ့ ကျွန်တော့်ကို သူ
အလန့်တကြား ကြည့်နေတယ်။ သိက္ခာကျလည်းကျ ပါစေတော့။
မျက်ရည် ကွမ်သီးလုံးလောက်ကျလာတယ်..။
“ဟယ်…
မငိုနဲ့လေ..” သူမရဲ့ အလန့်တကြားသံ။ ခေါင်း ငိုက်စိုက်၊ အံကို ကြိတ်လို့ မျက်ရည် ပလောက်၊
ပလောက်နဲ့ ကျနေတဲ့ ကျွန်တော့်ကို ကြည့်ပြီး အလန့် သကြားနဲ အလန့်ထန်းညက် ပေါင်းထားတဲ့ မျက်နှာနဲ့ “တိတ်.. တိတ်
တိတ်ပါတော့နော်”လို့ ကလေးချော့သလို ချော့နေတယ်။ ဘယ်ရမလဲ ကျွန်တောက ဗီဒီယိုထဲ မင်းသား ခံရရင်တောင် မခံစားနိုင်လို့ ငိုတဲ့ကောင်…“မင်းပြန်ပါတော့ကွာ…”
ဆိုတော့ သူမ စိတ်မချသလို ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး၊ ဘေးဘီလှည့်ကြည့်မိတော့ ခပ်ချောချောကောင်မလေးနဲ့
ဗေလုဝ နဲ့ ကျော်ထူး နှစ်ယောက်ပေါင်းရုပ်ကို ကတ္ကရာစေးလောင်းထားကောင်တစ်ယောက်ရဲ့ မျက်ရည်ရေကာတာကြိုး
ဇာတ်လမ်း Real Love Sence ကို မလှမ်းမကမ်းက အားပေးကြည့်ရှုနေတဲ့ ပရိတ်သတ်ကို တွေ့ပြီး
“ မငိုနဲ့ အိမ်ပြန်တော့နော်” လို့ပြောကာ ရှက်ရှက်နဲ့ လှစ်လှစ်ပါအောင်သုတ်ချေတင်သွား
လေ၇ဲ့…။
အံကိုကြိတ်၊
လက်သီးကို ကျစ်ကျစ်ဆုပ်ရင်း မျက်ရည်တွေကျလို့ တောင့်တောင့် ရပ်နေရာက သူမထောင့်ချိုးအကွယ်အရောက်
မှာတော့ ကျွန်တော်လုပ် သင့်တာထက် နောက်ကျနေပြီဖြစ်တဲ့ လုပ်စရာကို စိတ်လွတ် ကိုယ်လွတ်
အားပါးတရ စလုပ်ရပါတော့တယ်..။ အဲဒီတော့မှ ကျွန်တော်ဖြစ်နေပုံက ဘေးကစောင့်ကြည့်နေတဲ့
ပရိတ်သတ်တစ်ချို့ထံမှ ရယ်သံသဲ့သဲ့မှ သည် အုန်းအုန်းထ ရယ်သံတွေကြားလာရပေမယ့် ဂရုမစိုက်ပဲ
ကိုယ်လုပ်စရာရှိတာကို အသည်းအသန်လုပ်နေရတယ်…။
သူမကနောက်နေ့တွေမှာ
သူငြင်းလိုက်လို့ ကျွန်တော်အရမ်းခံစားရတာကို အံသြ စိတ်မကောင်းဖြစ်မိတဲ့ အကြောင်းသူမရဲ့
သူငယ်ချင်းတစ်ချို့ ပြောတယ်ဆိုတာ ပြန်ကြားရပါတယ်…။ ဟုတ်ပါတယ်… ကျွန်တော်ခံစားရလွန်းလို့
ခံစားရလွန်းလို့ ဖျားပြီး သုံးရက်လောက် ကျောင်းမတတ်နိုင်ပါဘူး။ ဒီရက်အတွင်း သူငယ်ချင်းတွေလာမေးရင်
သိပ်နေမကောင်းလို့ နားနေတယ်။ မတွေ့ချင်ဘူးလို့ပဲပြောပေးပါလို့မှာထားတော့ မေမေက သားရယ် ဘာဖြစ်လဲ ဒါရှက်စရာမှ မဟုတ်တာပဲ တဲ့။ ဒါပေမယ်ဗျာ… ယောင်္ကျားတစ်ယောက်ဖြစ်ပြီး ပုရွတ်ဆိတ်ကိုက်တာနဲ့
ဖျားရတယ်ဆိုတာ ရှက်စရာပေါ့။ ကျွန်တော်က မွေးရာပါ အဲဒီပုရွတ်ဆိတ်အနီတွေကိုက်ရင် ကိုက်တဲ့နေရာ
ရောင်ကိုင်းပြီး ဖျားတာပဲ.. အဲဒီနေ့က လမ်းဘေးက ပုရွတ်ဆိတ်အနီပုံပေါ် ခြေစုံရပ်လို့ အသည်းကွဲခဲ့ရတာ၊
သူမမပြန်ခင်အထိ ဟန်ဆောင်ရင်း ပုရွတ်အကိုက်ခံနေရတာ ဆိုးလိုက်တာ… မျောက်တကောင်လို ကုန်းကုန်းကွကွနဲ့
အသည်းအသန် ပုရွတ်တွေ သပ်ချနေတာနေတဲ့ အသည်းကွဲ မင်းသားကိုကြည့်ပြီး အူတတ်မတတ်ရယ်ကြတဲ့
ပရိတ်သတ်က ပိုဆိုးပါတယ်လေ…။ အင်း သူတို့အတွက်လည်း
လွမ်ခန်းကြည့်နေရာက ဟာသကိုရုတ်တရတ် ပြောင်းကြည့်လိုက်ရတာကို…။ှ
Subscribe to:
Posts (Atom)