Monday, 16 September 2013


Top 10 Bermuda Triangle Theories

CREDIT TO http://www.mymclub.net/main/index.php/mymhot/item/top-10-bermuda-triangle-theories

Bermuda Triangle ကို Devil's Triangle လို့လဲ ခေါ်ပါတယ်။ သူရဲ့ နာမည်နဲ့ လိုက်အောင် သူ့ရဲ့ နယ်နိမိတ် ထဲဝင်လာ တဲ့ သင်္ဘောတွေ၊ လေယာဉ်ပျံ တွေလေထဲ၊ သမုဒ္ဓရာထဲ ပျောက်ခြင်း မလှ ပျောက်သွားအောင် ဖမ်းစားပစ် ပါတယ်။

ကျွန်တော်တို့ ကမ္ဘာကြီးမှာ ထူးဆန်း အံ့သြဖွယ်ရာ များစွာ ရှိပါတယ်။ ဥပမာ ပေးရရင် ဗြိတိန်က Stonehenge ကျောက်တုံး ကြီးတွေ၊ ပြင်သစ်က တစ်ခြမ်း စောင်းနေတဲ့ ပါရီမျှော်စင်၊ မြန်မာနိုင်ငံမှာ ဆိုရင်တော့ တောင်ထိပ်မှာ တည်ထားတဲ့ ကျိုက်ထီးရိုး စေတီ စတာ တွေပေါ့။ အဲ ဒါ တွေထဲမှာ သဘာဝလွန် ထူးဆန်း လွန်းတာက Triangle တွေဖြစ်ပြီး အဲဒီ Triangle နယ်နိမိတ်ထဲ ရောက်ရင် လူတွေ၊ စက်တွေဟာ အဖြေမဲ့ ပျောက်ကွယ် သွားကြ ပါတယ်။ Triangle အချို့ကို ဖော်ပြရရင် Boston မြို့တောင်ဘက်က Bridgewater Triangle, Japan ကမ်းရိုး တန်းနားက Dragon's Triangle စသဖြင့် ရှိပါတယ်။ အခုတော့ ကမ္ဘာ့ နာမည် အကြီးဆုံး Triangle ဖြစ်တဲ့ Bermuda Triangle အကြောင်းနဲ့ သူရဲ့လျှို့ဝှက်ချက် တွေအပေါ် အဖြေထုတ် ထားတဲ့ Theory ၁၀ခုကို အကျဉ်းချုပ် ဖော်ပြ သွားမှာ ဖြစ်ပါတယ်။

 

About Bermuda Triangle
Bermuda Triangle ကို Devil's Triangle လို့လဲ ခေါ်ပါတယ်။ သူ့ရဲ့ နယ်နိမိတ် ကတော့ Bermuda ရယ်၊ Florida ရယ်၊ Puerto Rico ရယ် ဆက်လိုက်လို့ ဖြစ်လာတဲ့ တြိဂံ နယ်နိမိတ် ပါပဲ။ Devil's Triangle ဆိုတဲ့ နာမည်နဲ့ လိုက်အောင် သူ့ရဲ့ နယ်နိမိတ် ထဲဝင်တဲ့ သင်္ဘောတွေ၊ လေ ယာဉ်ပျံ တွေလေထဲ၊ သမုဒ္ဒရာထဲ ပျောက်ခြင်းမလှ ပျောက်သွားအောင် ဖမ်းစားပစ် ပါတယ်။သူ့ရဲ့ ပထမဆုံး သားကောင် ထဲက တစ်ခုကို ပြောရရင် ၁၉၁၈က ပျောက်ဆုံး သွားတဲ့ USS Cyclops ကို ဖော်ပြချင် ပါတယ်။ အဆိုပါ သင်္ဘောဟာ ပထမ ကမ္ဘာ စစ်ကာလ ၁၉၁၈မှာ Bahia, Salvador ကနေ Baltimore, Maryland ကိုအသွား သင်္ဘောကြီး နဲ့အတူ ခရီးသည်နှင့် ၀န်ထမ်း ၃၀၆ယောက်ဟာ ထူးထူးဆန်းဆန်း ပျောက်ဆုံး သွားတာဟာ အခုချိန် အထိ အဖြေရှာ မတွေ့နိုင် အောင်ပါပဲ။ ဥပမာ နောက်တစ်ခု ပြရရင် လေယာဉ်ပျံ NC16002 ပါ။ DC-3 အမျိုးအစား NC16002 လေယာဉ်ဟာ San Juan, Puerto Rico ကနေ Miami, Florida သို့အသွား ၁၉၄၈ ဒီဇင်ဘာလ ၂၈ရက်နေ့ ညမှာ ရာသီဥတု ကောင်းမွန် ရဲ့သားနဲ့ Miami ရဲ့မိုင်၅၀ အကွာမှာ ပျောက်ဆုံး သွားပါတယ်။ အဲဒီ လေယာဉ် နဲ့အတူ လိုက်ပါသူ ၃၂ယောက် ဟာလည်း Bermuda Triangle ကခေါ်ဆောင် သွားခြင်း ခံခဲ့ရ ပါတော့တယ်။

ဒါပေမယ့် အဲဒီအချိန်က "Bermuda Triangle" ဆိုတဲ့ အမည် မပေါ်ပေါက် သေးပါဘူး။ ၁၉၆၄မှာ စာရေးဆရာ Vicent Gaddis က Magazine Argosy မှာ စတင် ခေါ်ဆို သုံးစွဲရာမှ စတင် ကျော်ကြား လာပါတယ်။ စာအုပ် အနေနဲ့ ကတော့ စာရေးဆရာ Charles Berlitz ကသူ့ရဲ့ အ ရောင်းရဆုံး စာအုပ် ဖြစ်ခဲ့တဲ့ "The Bermuda Triangle" ကို၁၉၇၄မှာ ထုတ်ခဲ့ ပါတယ်။ အဲ့ဒီနောက် မှာတော့ စာအုပ်တွေ၊ တီဗီရှိုးတွေ၊ အင်တာနက် စာမျက်နှာ တွေမှာ ကျော်ကြား နေတာ ယနေ့ထိ တိုင်အောင်ပါပဲ။ "Bermuda Triangle" ရဲ့ထူးဆန်းမှု အမျိုးမျိုးကို လေ့လာရာမှ ထွက်ပေါ် လာတဲ့ ယူဆချက် များအနက် ၁၀ခုကို အောက်မှာ ဆက်လက် လေ့လာ ကြပါခင်ဗျာ။



1. Human Error
လေယာဉ်မှူးတွေ၊ သင်္ဘောသား တွေဟာလည်း လူသား ဖြစ်တဲ့ အတွက် အမှားမကင်း ကြပါဘူး။ အပူပိုင်း ဆန်တဲ့ ရာသီဥတု၊ ကြည်လင် အေးမြတဲ့ အပြာရောင် သမုဒ္ဒရာ တို့ကြောင့် သူတို့လည်း စိတ်ကစား ချင်တဲ့စိတ် ပေါ်လာမှာပါ။ သို့ပေမယ့် Bermuda Triangle ဧရိယာဟာ ပြောင်းလဲ လွယ်တဲ့ ရေစီးကြောင်းတွေ၊ အပြောင်းအလဲ မြန်တဲ့ ရာသီဥတု၊ ဆင်တူတဲ့ ကျွန်းတွေကြောင့် တစ်ချက်လောက် မှားကွေ့ မိတာနဲ့ လမ်းပျောက် သွားနိုင် ပါတယ်။ ကမ်းမမြင် လမ်းမမြင် တွေဖြစ်ပြီး လောင်စာ ပြန်မဖြည့် နိုင်တာ ကြောင့်လည်း လေယာဉ်တွေ၊ သင်္ဘောတွေ ပျောက်ရတယ် လို့ဆိုရင် ဖြစ်နိုင် တယ်လို့ ဆိုရမှာပါ။

2. Crazy weather patterns
Bermuda Triangle ရဲ့ရာသီဥတုဟာ အလွန် အပြောင်းအလဲ မြန်ပါတယ်။ လေပူလေအေး ရွေ့လျားနှုန်း မြင့်တာ ကြောင့်လည်း ဟာရီကိန်း မုန်တိုင်း တိုက်ခတ် တာဟာ အကျင့် တစ်ခုလို ဖြစ်နေပါပြီ။ မုန်တိုင်း နဲ့အတူ အပြောင်းအလဲ မြန်တဲ့ ပင်လယ်ကွေ့ ရေစီးကြောင်း ကပါ သင်္ဘောတွေ၊ လေယာဉ်ကို ခက်ခဲ စေပါတယ်။ လေယာဉ်တွေ၊ သင်္ဘောတွေ မြုပ်လို့ ပြန်ရှာမယ်လို့ စိတ်ကူး ပြန်လျှင်လည်း ကမ္ဘာ့ အနက်ဆုံး နေရာ ဖြစ်တဲ့ Atlantic သမုဒ္ဒရာကြောင့် ရှာမတွေ့ နိုင်ပါဘူး။ ဒါ့ကြောင့် ပျောက်သွားတဲ့ ယာဉ်တော်တော် များများကို ပြန်ရှာဖို့ စိတ်မကူး ကြတာပါ။

3. Magentic fields askew
Bermuda Triangle က Maganetic fields တွေဟာ ဖြတ်သန်း သွားလာသူ တွေအတွက် နောက်စရာ မဟုတ်ပါဘူး။ Bermuda Triangle ဟာ သံလိုက် အိမ်မြှောင်က ပြနေကြ သံလိုက် မြောက်အရပ် မဟုတ်ဘဲ မြောက်အရပ် အမှန်ကို ပြတဲ့ ကမ္ဘာပေါ်က နှစ်ခုတည်းသော နေရာ ထဲက တစ်ခုပါ။ ဒါ့ကြောင့် ရေကြောင်း သွားလာ သူတွေ ဟာ Bermuda Triangle ဧရိယာနား ရောက်ရင် မြောက် အရပ်နဲ့ မူလမြောက် အရပ်ကို ကွဲပြားအောင် ချိန်ကိုက်ကြ ရပါတယ်။

4. Atlantis
လူတော်တော် များများဟာ ပင်လယ်ပျော်များ မဟုတ် ကြပါဘူး။ ကမ်းမမြင် လမ်းမမြင် ပင်လယ် ရောက်ရင် အထီးကျန် သလိုလို အားငယ် သလိုလို ခံစားတတ် ကြပါတယ်။ Bermuda Triangle ရဲ့ရေပြင် ကြီးဟာ ကျယ်ပြောတဲ့ Atlantis သမုဒ္ဒရာ ကြီးပါ။ အဆိုရှိ ကြတာ ကတော့ Atlantis သမုဒ္ဒရာ အောက်မှာ ပိရမစ် တွေကို တွေ့ရတယ်လို့ ဆိုကြပြီး တချို့ ကတော့ သမုဒ္ဒရာ ရဲ့အစပ် Bimini ရဲ့ Bahamiam ကျွန်းကမ်း ခြေမှာ တူးဖော် တွေ့ရှိ ထားတဲ့ ရှေးတုန်းက ဆောက်ထားတဲ့ ကျောက် တာဝါတွေ၊ ကျောက် လမ်းတွေ တွေ့ရ တာကြောင့် အရင်တုန်းက ဆိပ်ကမ်း အဖြစ် အသုံးပြု ခဲ့ကြ တယ်လို့ ဆိုကြ ပါတယ်။ ပြဿနာက အဲဒီ သမုဒ္ဒရာ အောက်က မြို့တွေသုံးလို့ ကျန်တဲ့ စွမ်းအင် အကြွင်း အကျန် အစိုင်အခဲ တွေဟာ အခုခေတ် ယာဉ်တွေရဲ့ လျှစ်စစ်စီးတဲ့ ပစ္စည်း တွေကို လွှမ်းမိုးပြီး ထိန်းချုပ် မရအောင် ပြုလုပ် နိုင်ကြ ပါတယ်။


5. UFOs/Aliens
စိတ်ကူးယဉ် ဆန်တဲ့ ယူဆမှု လို့ပဲ ပြောပြော ထည့်စဉ်းစား ရမယ့် ကိစ္စပါ။ ၂၁ရာစု ခေတ်မှာ ဆိုရင် UFO ပေါ်လာတယ် ဆိုတာဟာ ခဏ ခဏကို ကြားရတဲ့ သတင်းလို ဖြစ်နေပါပြီ။ နည်းပညာ ပိုမြင့်တဲ့ ဂြိုလ်သား တွေအတွက် လူသားတွေရဲ့ လေယာဉ်တွေ၊ သင်္ဘော တွေဟာ အလွန်တရာ ရယ်စရာ ကောင်းတဲ့ ပစ္စည်းတွေ ဖြစ်နေမှာပါ။ သူတို့မှာလည်း အချိန်ခရီး သွားတဲ့ နည်းပညာတွေ၊ တစ်နေရာက တစ်နေရာ တမ ဟုတ်ချင်း ပို့ပေးနိုင်တဲ့ နည်းပညာတွေ ရှိကောင်း ရှိကြမှာပါ။

6. Government testingArea 51 ကိုထားဦး၊ Bermuda Triangle ရဲ့အလယ် မှာရှိတဲ့ Bahamas' Andros ကျွန်းမှာ အမေရိကရဲ့ AUTEC (Atlantic Undersea Test and Evaluation Center) ဆိုတာ ရှိပါတယ်။ အဲဒီမှာ ရေတပ်ဟာ လက်နက်တွေ စမ်းသပ် တယ်လို့ ပြောကြား ထားပေမယ့် တချို့ ကတော့ ပြိုလ်သား တွေရဲ့ နည်းပညာကို ပြန်လည် စမ်းသပ် နေတယ်လို့ ယူဆနေ ကြပါတယ်။ မဖြစ်နိုင် ဘူးလို့ မဆိုနိုင် ပါဘူး။ တလောတုန်း ကတောင် ကမ္ဘာမှာ ပျံသန်း နေတဲ့ UFO တွေဟာ Area 51 မှာ လျှို့ဝှက် တီထွင်ထားတဲ့ စမ်းသပ်ဆဲ ယာဉ်တွေ ဖြစ် တယ်လို့ ကောလဟာလ သတင်းတွေ ထွက်ပါတယ်။



7.  Time vortex, aka "electronic fog"
၁၉၇၀ တုန်းက Florida နယ်သား လေယာဉ်မှူး Bruce Gernon နဲ့သူ့အဖေဟာ Andros ကျွန်းကနေ Bahamas က Bimini ကျွန်းကို အသွားမှာ သူတို့ဟာ ဂူပုံစံ ပေါက်နေတဲ့ ထူးဆန်းတဲ့ တိမ်တိုက်ထဲ ၀င်မိသွား ပါတယ်။ ၀င်မိသွား တာနဲ့ တစ်ပြိုင်နက် သံလိုက် အိမ်မြှောင်ဟာ ဦးတည်ရာမဲ့ ညွှန်းနေသလို လေယာဉ်ဘေး မှာလည်း လျှပ်စီးတွေ ၀ိုင်းရံလာ ပါတယ်။ သူတို့ အဲ့တိမ်တိုက် ထဲက လွတ်မြောက် လာတဲ့ အခါမှာတော့ သူတို့ဟာ မျှော်မှန်းထား တာထက် တော်တော်လေး ခရီးရောက် နေတာကို တွေ့လိုက် ရပါတယ်တဲ့။ Bruce ကတော့ သူတို့ဟာ အချိန်ကို စီးပြီး ခရီးသွား နိုင်တဲ့ လိုဏ်ဂူထဲကို ဖြတ်သန်း ခဲ့ရတယ်လို့ ဆိုပါတယ်။ သူပြောတာ မှန်မယ် ဆိုရင်တော့ Bermuda Triangle အတွက် အလေးပေး စဉ်းစားစရာ တစ်ခု တိုးလာပါ လိမ့်မယ်။

8. Methane Hydrates
Bermuda Triangle ရဲ့ရေမျက်နှာပြင် အောက်မှာ မီးတောက် စေတတ်တဲ့ သဘာဝ ရှိတဲ့ Methane Hydrates တွေတပုံတခေါင်းကြီး ပိတ်မိ နေပါတယ်။ ဒီဓာတ်ငွေ့ဟာ ရေရဲ့ သိပ်သည်းဆကို လျော့နည်း စေတာမို့ သင်္ဘောတွေဟာ ဟန်ချက် ပျက်ကုန်ပြီး နစ်မြုပ် နိုင်ပါတယ်။ ဒါ့အပြင် ရေမျက်နှာပြင် ပေါ်သာမက လေထဲ အထိပါ တက်နိုင်တဲ့ သတ္တိ ရှိတာကြောင့် လေယာဉ် စက်တွေ ရပ်တာတွေ၊ မီးလောင် တာတွေ ကိုပါ ဖြစ်စေ နိုင်ပါတယ်။ အဲဒါကြောင့်လည်း Methane Hydrates တွေဟာ မေ့ထားလို့ မရတဲ့ လူသတ် လက်နက်တွေ ဖြစ်ပါတယ်။


9. Pirates
ပင်လယ်ဓားပြ တွေအနေနဲ့ လေယာဉ်တွေ ပျောက်တာနဲ့ ပတ်သက်ပြီး ဆက်စပ်မှု မရှိတာတော့ သေချာ ပါတယ်။ ဒါပေမယ့် သင်္ဘောတွေ ပျောက်တာနဲ့ ပတ်သက်ပြီး တာဝန် ရှိတယ် လို့လည်း ယူဆနိုင် ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Bermuda Triangle ဟာပင်လယ် ဓားပြတွေ ကျက်စားရာ Caribbean ပင်လယ်ကွေ့ရဲ့ မြောက်ဘက်လေး မှာတင် ရှိလို့ပါပဲ။

10. A downed 11,000-year-old comet
လွန်ခဲ့သော နှစ်ပေါင်း ၁၁ ၀၀၀ ခန့်က Bermuda Triangle ရဲ့ပင်လယ် ရေအောက် နေရာကို ဥက္ကာပျံ တစ်ခု ကျရောက် ခဲ့ပါတယ်တဲ့။ တချို့ ဆိုတာ ကတော့ အဲဒီ ဥက္ကာပျံမှာ လျှစ်စစ် သံလိုက်ဓာတ် ပါပြီး အဲဒီဓာတ် တွေဟာ လေယာဉ်၊ သင်္ဘောတွေရဲ့ လမ်းပြ ကိရိယာတွေကို အ နှောက် အယှက် ပေးနိုင်တဲ့ အရည်အချင်း တွေရှိနေ ပါတယ်။ အခုချိန်ထိ သမုဒ္ဒရာ အောက်ဆင်းပြီး မရှာနိုင် ကြပေမယ့် အဲအဆို မှန်ကန်မယ် ဆိုရင်တော့ သူ့ကို တရားခံ စာရင်းထဲမှာ ထည့်စဉ်းစား ရတော့မှာ ဖြစ်ပါတယ်။



အထက်ပါ ဖော်ပြချက်တွေဟာ လူအများစု ယူဆကြတဲ့ အတွေးအမြင် တွေပါ။ တိုက်ဆိုင် တာလဲ ရှိမှာ ဖြစ်သလို၊ မတိုက်ဆိုင် တာလဲ ရှိမှာ ဖြစ်လို့ ဗဟုသုတ အနေနဲ့တော့ ဖတ်ရှု ပေးကြပါ။ Bermuda Triangle မှမဟုတ်ပါဘူး။ လောကမှာ အံ့သြထူးဆန်း စရာတွေ အများကြီးမို့ အဲဒါ တွေ ကိုလည်း အလျဉ်းသင့် သလို MYMHOT မှာဖော်ပြ ပေးဦးမှာပါ။

 

 

Friday, 16 August 2013

Photo: ပြီးခဲ့တဲ့ မလေးရှား ရုံးပိတ်ရက် တစ်ရက်မှာ သူငယ်ချင်းနဲ့ KL မြို့ထဲမှာချိန်းထားလို့  ဟန်တွား ဘူတာနားက သူငယ်ချင်းအိမ်ကနေစောင့်နေတယ်။ သူမြို့ထဲကို ရောက်နေပြီ လာခေါ်တော့လို့ ဖုန်းဆက်တော့ ကျွန်တော် သိပ်မဝေးလှတာမို့ လမ်းလျှောက်ပြီးသွားလိုက်တာ အချိန်နည်းနည်း ပိုကြာသွားပါတယ်။ မြို့ထဲရောက်ခါနီးမှာ သူငယ်ချင်းက ဖုန်းထပ်ဆက်တယ် သူ့ကိုရဲဖမ်းထားသတဲ့။ ကျွန်တော်က "မင်းမှာ ပါမစ်ရှိနေတာပဲကွာ ထုံးစံမအတိုင်း 10 လောက်ပေးလိုက်ပေါ့" ဆိုတော့ " မရဘူး၊ 200 တောင်တောင်းနေတယ်၊ ငါကလည်းစကားသိပ်မပြောတတ်တော့ ပြသနာတတ်နေတယ်"။ အေးခဏနေ ငါရောက်တော...့မင်း ငါ့မှာပိုက်ဆံမပါဘူး သူငယချင်းလာလိမ့်မယ်လို့ ပြောထားကွာ" ဆိုပြီး ကျွန်တော် ရောက်သွားတော့ ကိုရွှေရဲနှစ်ယောက်နဲ့ စကားတော်တော်ပြော ရပါတယ်။ သူတို့ရဲ့ တောက်ပြောင်နေတဲ့ ရဲဝတ်တန်ဆာတွေနဲ့ ရဲကားစီးပြီး  နိုင်ငံခြားသားတွေကို အေး ဓားပြတိုက်နေတဲ့ သူတို့ရဲ့ စိတ်ဓာတ်က တော်တော့် ကို  အောာက်တန်းကျနေတယ်။
နောက်ဆုံးတော့ မလေးငွေ 70 ကိုတောင်းတောင်းပန်ပန်နဲ့ပေးခဲ့ရပါတယ်။
 အပြန်လမ်းမှာ သူငယ်ချင်းကတော့ ပါပစ်ရှိရဲ့သားနဲ့ အနိုင်ကျင့် ပိုက်ဆံညှစ်ခံရလို့  တောက်တစ်ခေါက်ခေါက်နဲ့။ ကျွန်တော်တို့ နှစ်ယောက် ဓာတ်ပုံထဲက ဘူတာကိုဆင်းတဲ့ ကားလမ်းဂုံကျော်တံတား    ပေါ်ရောက်တော့ ချောင်းတဟွတ်ဆိုးရင် တစ်ရှူးလေးတွေ ထိုင်ရောင်းနေတဲ့ အသက်ကြီးကြီး လူကြီးတစ်ယောက်ကိုတွေ့တယ်။ ကျွန်တော် လည်း ထုံးစံအတိုင်း လက်ထဲရှိတဲ့ အကြွေ 2 ကျပ်နဲ့ပေးပြီး တစ်ရှူးတစ်ထုတ်ယူလိုက်ပါတယ်။ သူဗန်းလေးထဲမှာ ရေးထားတာကတော့ တစ်ထုထ် 0.50 cent ပြားငါးဆယ်ပေါ့.။  ကျွန်တော်က 2 ကျပ်ပေးပြီး တစ်ထုတ်ထည်းယူတာကတော့ သူ့ကိုကိုယ်တတ်နိုင်သလောက်ကူညီတာပါ.။ ဘူတာနဲ့ ကားဂိတ်တစ်ချို့မှာလည်း ဒီလိုပါပဲ မျက်မမြင်တွေ တစ်လျှူးတို့ ရေသန့်တို့ရောင်းနေတာတွေရင် အသုံးလိုသည်ဖြစ်စေ၊ မလိုသည်ဖြစ်စေ  အကြွေရှိရင် တစ်ခုလောက်ယူပြီး အပိုငွေ ငါးမူးတစ်ကျပ်လောက်တော့ ထားခဲ့တာပဲ။  ဘာမှပြသနာ မရှိပါဘူး။ 
 ဒါပေပမယ့် ဒီဦးလေးကတော့ "တစ်ထုတ်ပြားငါးဆယ်ပါ..။ လေးထုတ်ယူပါ..။ တကယ်လို့ အများကြီးအသုံးမလိုရင်လိုသလောက်ပဲ  ယူပါ"တဲ့။
 သူ့ရဲ့ စကားက ကျွန်တော်စိတ်ထဲမှာ မမျိုးမည်မသိတဲ့ ခံစားမှုလေးရတယ်။ ငါသူ့ ကိုစော်ကားသလိုများ ဖြစ်သွားပြီလားလို့တွေးမိရင်း သူ့ရဲ့ အချောင်မလိုချင်တဲ့ စိတ်ဓာတ်ကိုလည်း လေးစားသွားတယ်။ " Sorry"  လို့ပြောရင်း နောက်ထပ် သုံးထုတ်ထပ်ယူလိုက်ပါတယ်. အဲဒီတော့မှာဦးလေးက ကျေကျေနပ်နပ်ပြုံးရင်း ကျေးဇူးတင်ပါတယ်တဲ့။
  အောက်က ကာားလမ်းမှာ ၀ီဆီတွက်သံတွေ ဥအြဆွဲသံတွေကြားရလို့ ငုံ့ကြည့်လိုက်မိတော့ ဆာရာဝပ်ပြည်နယ် အလံတင်ထားတဲ့ VIP ယဉ်တန်း၊ ပြည်နယ် ၀န်ကြီးချုပ်ပါလားတေ့ မသိ။ အဲဒီ ပြည်နယ်ဝန်ကြီးချုပ်ကတော့ တကယ့်သက်တော်ရှည် ၀န်ကြီးချုပ်ပါ။ သိပ်ချမ်းသာတယ်။
 အဲဒီအချိန်မှာ ကျွန်တော်ခေါင်းထဲ  အတွေးတစ်ခုရောက်လာတယ်..။ သိပ်ချမ်းသာတဲ့ ပြည်နယ်ဝန်ကြီးချုပ်ကားတန်း  အပေါ်က အရမ်းဆင်းရဲပြီး ကျန်းမာရေးချိုတဲ့နေတဲ့ သူ့နိုင်ငံသားတစ်ယောက်၊ လစာရိက္ခာကောင်းကောင်းရပြီး တောက်ပြောင်နေတဲ့ ယူနီဖေါင်းဝတ်ပြီး အချောင်လိုက် အနိင်ကျင့်တဲ့ ရဲ...။ ကျန်းမာရေးမကောင်းသော်လည်း ပိုက်ဆံကို အလကားမလိုချင်တဲ့ ဆင်းရဲသားဦးလေး၊ သူ့ကို တတ်နိုင်သလောက်လေး ကူညီဖို့ ကြိုစားခဲ့တဲ့ အဆင်းရဲဆုံး  တိုင်းပြည်ကလာပြီး အောက်ခြေသိမ်းအလုပ်တွေ လုပ်နေရတဲ့ ကျွန်တော်..........။


                                                 စည်သူ


ပြီးခဲ့တဲ့ မလေးရှား ရုံးပိတ်ရက် တစ်ရက်မှာ သူငယ်ချင်းနဲ့ KL မြို့ထဲမှာချိန်းထားလို့ ဟန်တွား ဘူတာနားက သူငယ်ချင်းအိမ်ကနေစောင့်နေတယ်။ သူမြို့ထဲကို ရောက်နေပြီ လာခေါ်တော့လို့ ဖုန်းဆက်တော့ ကျွန်တော် သိပ်မဝေးလှတာမို့ လမ်းလျှောက်ပြီးသွားလိုက်တာ အချိန်နည်းနည်း ပိုကြာသွားပါတယ်။ မြို့ထဲရောက်ခါနီးမှာ သူငယ်ချင်းက ဖုန်းထပ်ဆက်တယ် သူ့ကိုရဲဖမ်းထားသတဲ့။ ကျွန်တော်က "မင်းမှာ ပါမစ်ရှိနေတာပဲကွာ ထုံးစံမအတိုင်း 10 လောက်ပေးလိုက်ပေါ့" ဆိုတော့ " မရဘူး၊ 200 တောင်တောင်းနေတယ်၊ ငါကလည်းစကားသိပ်မပြောတတ်တော့ ပြသနာတတ်နေတယ်"။ အေးခဏနေ ငါရောက်တော...့မင်း ငါ့မှာပိုက်ဆံမပါဘူး သူငယချင်းလာလိမ့်မယ်လို့ ပြောထားကွာ" ဆိုပြီး ကျွန်တော် ရောက်သွားတော့ ကိုရွှေရဲနှစ်ယောက်နဲ့ စကားတော်တော်ပြော ရပါတယ်။ သူတို့ရဲ့ တောက်ပြောင်နေတဲ့ ရဲဝတ်တန်ဆာတွေနဲ့ ရဲကားစီးပြီး နိုင်ငံခြားသားတွေကို အေး ဓားပြတိုက်နေတဲ့ သူတို့ရဲ့ စိတ်ဓာတ်က တော်တော့် ကို အောာက်တန်းကျနေတယ်။
နောက်ဆုံးတော့ မလေးငွေ 70 ကိုတောင်းတောင်းပန်ပန်နဲ့ပေးခဲ့ရပါတယ်။
အပြန်လမ်းမှာ သူငယ်ချင်းကတော့ ပါပစ်ရှိရဲ့သားနဲ့ အနိုင်ကျင့် ပိုက်ဆံညှစ်ခံရလို့ တောက်တစ်ခေါက်ခေါက်နဲ့။ ကျွန်တော်တို့ နှစ်ယောက် ဓာတ်ပုံထဲက ဘူတာကိုဆင်းတဲ့ ကားလမ်းဂုံကျော်တံတား ပေါ်ရောက်တော့ ချောင်းတဟွတ်ဆိုးရင် တစ်ရှူးလေးတွေ ထိုင်ရောင်းနေတဲ့ အသက်ကြီးကြီး လူကြီးတစ်ယောက်ကိုတွေ့တယ်။ ကျွန်တော် လည်း ထုံးစံအတိုင်း လက်ထဲရှိတဲ့ အကြွေ 2 ကျပ်နဲ့ပေးပြီး တစ်ရှူးတစ်ထုတ်ယူလိုက်ပါတယ်။ သူဗန်းလေးထဲမှာ ရေးထားတာကတော့ တစ်ထုထ် 0.50 cent ပြားငါးဆယ်ပေါ့.။ ကျွန်တော်က 2 ကျပ်ပေးပြီး တစ်ထုတ်ထည်းယူတာကတော့ သူ့ကိုကိုယ်တတ်နိုင်သလောက်ကူညီတာပါ.။ ဘူတာနဲ့ ကားဂိတ်တစ်ချို့မှာလည်း ဒီလိုပါပဲ မျက်မမြင်တွေ တစ်လျှူးတို့ ရေသန့်တို့ရောင်းနေတာတွေရင် အသုံးလိုသည်ဖြစ်စေ၊ မလိုသည်ဖြစ်စေ အကြွေရှိရင် တစ်ခုလောက်ယူပြီး အပိုငွေ ငါးမူးတစ်ကျပ်လောက်တော့ ထားခဲ့တာပဲ။ ဘာမှပြသနာ မရှိပါဘူး။
ဒါပေပမယ့် ဒီဦးလေးကတော့ "တစ်ထုတ်ပြားငါးဆယ်ပါ..။ လေးထုတ်ယူပါ..။ တကယ်လို့ အများကြီးအသုံးမလိုရင်လိုသလောက်ပဲ ယူပါ"တဲ့။
သူ့ရဲ့ စကားက ကျွန်တော်စိတ်ထဲမှာ မမျိုးမည်မသိတဲ့ ခံစားမှုလေးရတယ်။ ငါသူ့ ကိုစော်ကားသလိုများ ဖြစ်သွားပြီလားလို့တွေးမိရင်း သူ့ရဲ့ အချောင်မလိုချင်တဲ့ စိတ်ဓာတ်ကိုလည်း လေးစားသွားတယ်။ " Sorry" လို့ပြောရင်း နောက်ထပ် သုံးထုတ်ထပ်ယူလိုက်ပါတယ်. အဲဒီတော့မှာဦးလေးက ကျေကျေနပ်နပ်ပြုံးရင်း ကျေးဇူးတင်ပါတယ်တဲ့။
အောက်က ကာားလမ်းမှာ ၀ီဆီတွက်သံတွေ ဥအြဆွဲသံတွေကြားရလို့ ငုံ့ကြည့်လိုက်မိတော့ ဆာရာဝပ်ပြည်နယ် အလံတင်ထားတဲ့ VIP ယဉ်တန်း၊ ပြည်နယ် ၀န်ကြီးချုပ်ပါလားတေ့ မသိ။ အဲဒီ ပြည်နယ်ဝန်ကြီးချုပ်ကတော့ တကယ့်သက်တော်ရှည် ၀န်ကြီးချုပ်ပါ။ သိပ်ချမ်းသာတယ်။
အဲဒီအချိန်မှာ ကျွန်တော်ခေါင်းထဲ အတွေးတစ်ခုရောက်လာတယ်..။ သိပ်ချမ်းသာတဲ့ ပြည်နယ်ဝန်ကြီးချုပ်ကားတန်း အပေါ်က အရမ်းဆင်းရဲပြီး ကျန်းမာရေးချိုတဲ့နေတဲ့ သူ့နိုင်ငံသားတစ်ယောက်၊ လစာရိက္ခာကောင်းကောင်းရပြီး တောက်ပြောင်နေတဲ့ ယူနီဖေါင်းဝတ်ပြီး အချောင်လိုက် အနိင်ကျင့်တဲ့ ရဲ...။ ကျန်းမာရေးမကောင်းသော်လည်း ပိုက်ဆံကို အလကားမလိုချင်တဲ့ ဆင်းရဲသားဦးလေး၊ သူ့ကို တတ်နိုင်သလောက်လေး ကူညီဖို့ ကြိုစားခဲ့တဲ့ အဆင်းရဲဆုံး တိုင်းပြည်ကလာပြီး အောက်ခြေသိမ်းအလုပ်တွေ လုပ်နေရတဲ့ ကျွန်တော်..........။


စည်သူ

Friday, 9 August 2013

ဘာကြောင့် ရိုင်း...??

သမိုင်းကို ဘယ်လိုလိမ်ခဲ့ ကြသလဲဆိုတာ
၁၉၈၈ ခုနှစ်က ဆရာလူထုစိန်ဝင်း ရေးခဲ့တဲ့ဆောင်းပါး

ဇေယျတု စာအုပ်ထုတ်ဝေရေးမှ ထုတ်ဝေသော "၁၃၅၀ ပြည့်နှစ် ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအမှတ်တရ မန္တလေးနှင့် အခြားသမိုင်းပုံရိပ်များ" စာအုပ်မှ ပြန်လည်ဖော်ပြပါသည်။
ယမန်နေ့ညက အီတလီနိုင်ငံ မီလန်မြို့ရှိ မိတ်ဆွေတစ်ဦးထံက ဖုန်းဆက်သည်။ ၎င်းမိတ်ဆွေက ထိတ်လန့်တကြားဖြင့် ဗမာလူမျိုးတွေဘာကြောင့် လူရိုင်းကြီးတွေ ဖြစ်ကုန်ကြတာလဲဟု မေးသည်။ သူက ဗမာပြည်မှ ပြန်ရောက်လာသူများထံမှ ဓာတ်ပုံများ၊ ဗွီဒီယို အခွေများကိုကြည့်ပြီး အမျိုးသမီးတစ်ဦးက ထဘီတိုတိုဝတ်ပြီး ဓားရှည်ကြီးကို တအားလွှဲလျက် လူတစ်ယောက်၏ ခေါင်းကိုဖြတ်နေပုံ၊ ကျောင်းသားနှင့်တူသည့် လူငယ်လေးတစ်ဦးက ခေါင်းပြတ်ကြီးတစ်ခုကို ဆံပင်မှ ဆုပ်ကိုင်၍ ၀မ်းသာအားရ ခုန်ပေါက်နေပုံ စသည့်ကြောက်ခမန်းလိလိ ပုံတွေကို မြင်ရသောအခါ အော့နှလုံးနာမိသည်။
သူများစွာကို ချစ်မြတ်နိုးလွန်း၍ ဂုဏ်ယူဝင့်ကြွားလေ့ရှိသော ဗမာလူမျိုးများအတွက် အရှက်ရမိ ပါသည်ဟု ပြောလေသည်။
ကျွန်တော့်မိတ်ဆွေ အင်နီတာသည် မီလန်တက္ကသိုလ်မှ မနုဿဗေဒ ပါမောက္ခတစ်ဦး ဖြစ်ပါသည်။ ကျောင်းဆရာဘ၀ မရောက်ခင် တက်တက်ကြွကြွ ၂၀ ဦးပိုင်း အရွယ်က ကျွန်တော်နှင့် ဘ၀တူ သတင်းစာသမားတစ်ဦး ဖြစ်ခဲ့ပါသည်။ အသက် ၄၀ ကျော်လာသော အခါတွင်မှ ပြေးလွှားလှုပ်ရှားနေရသော သတင်းထောက်ဘ၀မှ အနားယူကာ ကျောင်းဆရာဘ၀သို့ ကူးပြောင်းသွားခဲ့ ပါသည်။ သူသည် မြန်မာနိုင်ငံသို့ သတင်းထောက်မလေးအဖြစ် သုံးကြိမ်၊ ပါမောက္ခတစ်ဦးအဖြစ် သုံးကြိမ် စုစုပေါင်း ခြောက်ကြိမ် ရောက်ခဲ့ဖူး၍ သီလရှင် နှစ်ကြိမ်ဝတ်ပြီး ရက်ရှည်တရား ထိုင်ခဲ့ဖူးသူလည်း ဖြစ်ပါသည်။
လက်နက်ဆို၍ အပ်တိုတစ်ချောင်းပင် မရှိသော ကျောင်းသူကျောင်းသားလေးများအား ရက်စက်ကြမ်းကြုတ်စွာ ၀ါးရင်းတုတ်ဖြင့် မသေမချင်း ရိုက်သတ်ခြင်းများ၊ မသေမရှင် ဖြစ်နေသူတွေကို အင်းလျားကန်ထဲသို့ နှစ်သတ်ခြင်း၊ ငါးတန်း၊ ခြောက်တန်းအရွယ် ကလေးသူငယ်လေးတွေကို ကားနှင့်တိုက်သတ်ခြင်း၊ ထောင်ထဲရောက်နေကြသော တက္ကသိုလ် ကျောင်းသူလေးများကို မတရားကျင့်ကြံခြင်း . . . . .
သူသည် မြန်မာလူမျိုးများနှင့်တကွ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများကို များစွာချစ်မြတ်နိုးပါသည်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်၍ ကမ္မဋ္ဌာန်းတရား၌လည်း ပျော်မွေ့ပါသည်။ တစ်ကိုယ်ရေ တစ်ကာယ သမားဖြစ်၍ ငွေစုပြီး အငြိမ်းစားယူသော အရွယ်၌ မြန်မာနိုင်ငံတွင် သီလရှင်ဘ၀ဖြင့် လာပြီးအရိုးထုတ်ရန် ရည်သန်ထားသူလည်း ဖြစ်ပါသည်။ မြန်မာလူမျိုးတို့၏ စိတ်ရှည်သည်းခံနိုင်မှု၊ ကြင်နာသနားတတ်မှု၊ ရက်ရောမှုတို့ကိုလည်း တဖွဖွချီးကျူး ပြောဆိုလေ့ ရှိပါသည်။
ယခုတော့ ချီးကျူးဂုဏ်ယူလေ့ရှိသော မြန်မာလူမျိုးတို့အတွက် အကြီးအကျယ် အရှက်ရနေရ ပါသည်။ ဘာ့ကြောင့်များ ဗုဒ္ဓဘာသာ တရားတော်၏ အဆုံးအမ၌ ယဉ်ပါးခဲ့ရသော မြန်မာလူမျိုးများ ရက်စက်ကြမ်းကြုတ်သော အပြုအမူတွေ ပြုမူကုန်ကြတာလဲဟု ထိတ်လန့်တကြား မေးခဲ့သည်။
ဟုတ်ပါသည်။ အင်နီတာသိသည့်အတိုင်း မြန်မာလူမျိုးများသည် အင်မတန် သနားတတ်သော လူမျိုးဖြစ်ပါသည်။ မိမိလူမျိုးကို လက်သည်းခွံခွာပြီး ပါးရိုက်သော ဂျပန်ဖက်ဆစ်များကိုပင် စစ်ပြေးများအဖြစ် ရောက်လာသောအခါ ရွာထဲမှ ၀ှက်ထား၍ ကျွေးမွေးစောင့်ရှောက်သော လူမျိုးဖြစ်ပါသည်။
သို့သော် လက်နက်ဆို၍ အပ်တိုတစ်ချောင်းပင် မရှိသော ကျောင်းသူကျောင်းသားလေးများအား ရက်စက်ကြမ်းကြုတ်စွာ ၀ါးရင်းတုတ်ဖြင့် မသေမချင်း ရိုက်သတ်ခြင်းများ၊ မသေမရှင် ဖြစ်နေသူတွေကို အင်းလျားကန်ထဲသို့ နှစ်သတ်ခြင်း၊ ငါးတန်း၊ ခြောက်တန်းအရွယ် ကလေးသူငယ်လေးတွေကို ကားနှင့်တိုက်သတ်ခြင်း၊ ထောင်ထဲရောက်နေကြသော တက္ကသိုလ် ကျောင်းသူလေးများကို မတရားကျင့်ကြံခြင်း စသည်တို့ကို မျက်ဝါးထင်ထင် မြင်တွေ့ခံစားရသော အခါမျိုး။
လက်နက်မဲ့ ရဟန်းသံဃာနှင့် ကျောင်းသားပြည်သူတွေကို ထောင်နှင့်ချီ၍သေအောင် စစ်မြေပြင်သုံး မောင်းပြန်လက်နက်တွေသုံး၍ စနစ်တကျ သွေးအေးအေးဖြင့် သတ်ဖြတ်သည်ကို မြင်တွေ့ခံစားရသော အခါမျိုး၌ မည်သည့်လူသားသည် ဒေါသပုန်မထဘဲ ရှိပါမည်နည်း။
ပြည်သူတို့ သောက်သုံးသည့်ရေထဲ အဆိပ်ထည့်၍သတ်သော လုပ်ရပ်မျိုး၊ ညညကားနှင့် ဖြတ်မောင်းသွားကာ ပြည်သူများကို လက်နက်မျိုးစုံဖြင့် ပစ်ခတ်ထွက်ပြေးသော မာဖီယားလူဆိုးတို့ လုပ်ရပ်မျိုး၊ အစိုးရကိုယ်တိုင်က သူခိုးကျင့်သူခိုးကြံဖြင့် ဂိုဒေါင်တွေလည်းဖောက်ပြီး ၀ရုန်းသုန်းကားဖြစ်အောင် ဖန်တီးသော လုပ်ရပ်မျိုး၊ တစ်နိုင်ငံလုံးရှိ အကျဉ်းသားများကို လွှတ်ပေးသော လုပ်ရပ်မျိုး၊ လူဆိုးသူခိုးတွေကို လူစိတ်ပျောက်စေသော စိတ်ကြွဆေးများ ထိုးပေးကာ ရဟန်းသံဃာနှင့် ကျောင်းသားတွေကို ခေါင်းဖြတ်သတ်စေသော လုပ်ရပ်မျိုးများကို ဤနှစ်ဆယ်ရာစု ခေတ်ကြီးအတွင်း၌ မည်သည့်အစိုးရမျိုးက လုပ်ရဲသည်ကို အင်နီတာ တွေ့ဖူးကြုံဖူး ကြားဖူးပါသလဲ။
မြန်မာလူမျိုးတို့သည် ၂၆ နှစ်လုံးလုံး ကျောကော့အောင် ခါးစည်းသည်းခံ ခဲ့ကြသည်ကို အင်နီတာ အပါအ၀င် နိုင်ငံခြားသားတိုင်းပင် သြချယူခဲ့ရသည် မဟုတ်ပါလော။ ဒါလောက်တောင် ဖိနှိပ်ချုပ်ချယ်တဲ့၊ ဒါလောက်တောင် ယုတ်မာပက်စက်တဲ့၊ ဒါလောက်တောင် လူ့အခွင့်အရေးတွေကို နင်းခြေဖျက်ဆီးတဲ့ အစိုးရလက်အောက်မှာ မြန်မာလူမျိုးတွေ ဒါလောက်ကြာကြာ နေနိုင်ကြတာကို အံ့သြလို့တောင် မဆုံးနိုင်ဘူးလို့ အင်နီတာကိုယ်တိုင် ထပ်တလဲလဲ ပြောခဲ့ဖူးသည် မဟုတ်ပါလား။
ချစ်စွာသော အင်နီတာ။ ကမ္ဘာမှာ ကျော်မကောင်း ကြားမကောင်းအောင် မိန်းမသားများပင် ခေါင်းဖြတ်ရသည့် အဖြစ်မျိုးရောက်အောင် ကျွန်ုပ်တို့အား ဘယ်သူက တွန်းပို့ခဲ့ပါသနည်း။ ကလေးဆေးရုံမှ ကလေးသူငယ်များ သောက်သုံးရေထဲသို့ အဆိပ်လာခတ်သောသူကို ဒေါသတကြီးဖြင့် တုံ့ပြန်သောလူထုကို မှားသည်ဟု အင်နီတာ ဆိုပါမည်လော။ လူသတ်ခြင်းဟာ မကောင်းပါ အင်နီတာ။ ခေါင်းဖြတ်ခြင်း အမှုဆိုတာကတော့ သာ၍ပင် မကောင်းပါ။ လူသားစားခေတ် လူရိုင်းများ၏ လုပ်ရပ်ဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့ မြန်မာလူမျိုးများ လူရိုင်းဘ၀သို့ ရောက်သွားအောင် ဇွတ်အတင်းတွန်းပို့သော တရားခံသည် မည်သူလဲဆိုတာ အထူးတလည် ပြောကြားရန် လိုမည်မဟုတ်တော့ပါ။
သွားတစ်ချောင်းလျှင် တစ်ချောင်းချင်း၊ မျက်လုံးတစ်လုံးလျှင် တစ်လုံးချင်းဆိုသည်မှာ တောတွင်းတိရစ္ဆာန်တို့၏ ဥပဒေသ ဖြစ်ပါသည်။ မကောင်းပါ။
သို့သော် တစ်ခါတစ်ရံ တိရစ္ဆာန်တို့ နားလည်သော ဘာသာစကားမှာ ဤဘာသာစကား တစ်ခုတည်းသာ ဖြစ်သည်ဆိုပါလျှင် ....။
(မိုးသောက်ဂျာနယ် အမှတ် (၁) ၁၉၈၈ စက်တင်ဘာလ ၁၃ ရက်မှ)
အထက(၂)တောင်ဒဂုံမှ ကျောင်းသား ကျောင်းသူများကို တွေ့ရစဉ်


8.8.1



အခြေခံပညာ ကဏ္ဍအတွက် လက်ရှိ အသုံးပြု သင်ကြားနေသော အခြေခံပညာ ပြဋ္ဌာန်းစာအုပ်၏ သင်ရိုးပါ အကြောင်းအရာ အချို့မှာ မှားယွင်းခြင်း၊ ခေတ်စနစ်နှင့် မလျော်ညီခြင်းများ ရှိနေ၍ သင်ရိုးပါ အချက်အလက်များကို ခေတ်စနစ်နှင့်အညီ ပြန်လည်ပြင်ဆင် အသုံးပြုရန် လိုအပ်နေပြီ ဖြစ်ကြောင်း အခြေခံ ပညာကဏ္ဍ လေ့လာသုံးသပ်သူများက ဆိုသည်။
အခြေခံပညာ ကျောင်းများတွင် အသုံးပြု သင်ကြားလျက်ရှိသည့် လက်ရှိ သင်ရိုးပြဋ္ဌာန်းချက်များမှာ ၁၉၈၅ ခုနှစ်မှ စတင်ကာ နောက်ဆုံးရေးဆွဲ ပြဋ္ဌာန်းချက်များ ဖြစ်သည့်အတွက် ပုံနှိပ်ထုတ်ဝေထားသည့် ဘာသာရပ် အချို့၏ သင်ရိုးများမှာ နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ဖွံ့ဖြိုးပြီး နိုင်ငံများ၏ ပညာရေး စနစ်တွင် ပြဋ္ဌာန်းသင်ရိုးများသည် အများဆုံး ၁၀ နှစ်တစ်ကြိမ် နည်းပညာ ပြောင်းလဲမှုများ ရှိသည်နှင့်အမျှ ပြောင်းလဲပြင်ဆင် ရေးဆွဲမှုများ ပြုလုပ်ကြသည်ဟု သိရသည်။ မြန်မာနိုင်ငံ၌ လက်ရှိသင်ကြား ပေးလျက်ရှိနေသည့် အခြေခံပညာကျောင်း သင်ရိုးများမှာ အာဆီယံ အဆင့်နှင့်အညီ နှစ်စဉ်လိုအပ်ချက်အရ အဆင့်မြှင့် ရေးဆွဲထားသည့် သင်ရိုးများ ဖြစ်သော်လည်း ပြဋ္ဌာန်းစာအုပ်များမှာ နှစ်ပေါင်း၂၀ ကျော်ကြာ ပြဋ္ဌာန်းစာအုပ်များ ဖြစ်ခြင်းကြောင့် ပြောင်းလဲလာသည့် နည်းပညာ ခေတ်နှင့်အညီ ပညာအရည်အသွေးအား လိုက်လျောညီထွေ ဖြစ်စေရေးအတွက် ဆောင်ရွက်သင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ပညာရေး အကြံပေးအရာရှိ တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။
ဥပမာအားဖြင့် တက္ကသိုလ်ဝင်တန်းအတွက် သင်ကြားရန် ပြဋ္ဌာန်းထားသည့် ဓာတုဗေဒ ဘာသာရပ် စာအုပ်၌ စာမျက်နှာ အမှတ် ၃၀၇၊ နောက်ဆက်တွဲ ၁ တွင် ဖော်ပြထားသည့် အဏုမြူများ (Atoms) ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ မှားယွင်းလျက် ရှိနေကြောင်း၊ Atoms ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်တွင် Atoms အား indivisible (ခွဲခြား၍မရ)ဟု အဓိပ္ပာယ်ဖွင့်ဆို ခဲ့သော်လည်း Atoms ၏ ပေါင်းစပ်ဖွဲ့စည်းမှုများ ယှဉ်တွဲဖော်ပြထားကြောင်း သိရသည်။
ယခုအခါ Atoms အား ထပ်ဆင့် ခွဲခြားစိတ်ဖြာ၍ Proton၊ Neutron နှင့် Electron များ ရရှိနိုင်ကြောင်းကို ဖော်ပြသင်ကြားသင့်ကြောင်း လေ့လာသူများက ဆိုသည်။
8.8.1
Atoms ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ပြဋ္ဌာန်းစာအုပ်တွင် ဖော်ပြထားသည်ကို တွေ့ရစဉ်
''ပြဋ္ဌာန်းစာအုပ်ပါ အချက်အလက် တချို့က မှားယွင်းဖော်ပြ ထားတာကို တွေ့ရပါ တယ်။ အဲဒီဖော်ပြချက် အမှားတွေကို မပြင်ဆင်ဘဲနဲ့ ဆက်ပြီးသင်ကြားမယ်ဆိုရင် ဒီပညာရပ်တွေကို အစဦး လေ့လာကြမယ့် အခြေခံပညာ ကျောင်းသားကျောင်းသူတွေ အတွက် အဓိပ္ပာယ် ကောက်ယူမှုတွေ၊ အသိအမြင်တွေဟာ လွဲမှားမှုတွေ ဖြစ်သွားစေနိုင်မှာ ဖြစ်ပါတယ်''ဟု သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ နည်းပညာ ပညာရှင်အဖွဲ့၊ ဥက္ကဋ္ဌ ဒေါက်တာသိန်းဦးဘိုးစောက ထောက်ပြ ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ ပုဂ္ဂလိက ဆရာများအသင်းချုပ်၊ ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းဦးကလည်း ''သင်ရိုးတွေက ခေတ်နဲ့ လိုက်လျောညီထွေ ဖြစ်မှု အားနည်းနေပါတယ်။ ဒါ့ကြောင့် အာဆီယံနိုင်ငံများရဲ့ သင်ရိုးညွှန်းတမ်းတွေကို လေ့လာသုံးသပ်ပြီး ခေတ်နဲ့လျော်ညီတဲ့ မိမိနိုင်ငံနဲ့လည်း ကိုက်ညီတဲ့ သင်ရိုးညွှန်းတမ်းတွေ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပါပြီ'' ဟု အကြံပြု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ သင်ရိုးညွှန်းတမ်းများကို ပြန်လည်သုံးသပ်ခြင်းအား ပုံမှန်ဆောင်ရွက်မှု မရှိခြင်းတို့ကြောင့် သင်ရိုးပါ အကြောင်းများသည်လည်း ခေတ်နှင့် လိုက်လျောညီထွေမှု အားနည်းနေသည့် အတွက် အဆိုပါ သင်ရိုးပါ အကြောင်းအရာများကိုလည်း ခေတ်နှင့်အညီ အမြန်ဆုံး ပြန်လည်ပြုစုရန် ဆွေးနွေးလျက် ရှိကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။
''သင်ရိုးပါ အကြောင်းအရာတွေကို ခေတ်နဲ့အညီ အမြန်ဆုံး ပြန်လည်ပြုစုဖို့ သင်ရိုးညွှန်းတမ်းတွေကို ငါးနှစ်တစ်ကြိမ် သို့မဟုတ် ခုနစ်နှစ်တစ်ကြိမ် သို့မဟုတ် ၁၀ နှစ် တစ်ကြိမ် စသဖြင့် ပုံမှန်ပြန်လည် သုံးသပ်နိုင်ဖို့ အတွက် ဥပဒေ ထည့်သွင်းပြဋ္ဌာန်း ဖို့ကိုလည်း ဆွေးနွေးနေပါတယ်''ဟု ပညာရေး ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ဆိုသည်။
အခြေခံပညာ ကဏ္ဍတွင် လက်ရှိအသုံးပြု သင်ကြားလျက် ရှိနေသော စာအုပ်အတွင်း ဒီဇိုင်းရုပ်ပုံများမှာ ခေတ်မမီခြင်းနှင့် ထင်ရှားမှုမရှိခြင်း၊ လက်ရှိ ကျောင်းသုံးစာအုပ်သည် ကျောင်းသားများအတွက် စိတ်ဝင်စားမှု အလွန်အားနည်းသည့် ပုံနှိပ်မင်စာလုံးများ အသုံးပြုထားခြင်း၊ ရုပ်ပုံများ၊ မြေပုံများ ထင်ရှားမှုမရှိခြင်း၊ အချို့စာအုပ် အရွယ်အစားများမှာ သေးငယ်လွန်းခြင်းတို့ကြောင့် ကျောင်းသုံးစာအုပ်များကို နောင်တွင် ရိုက်နှိပ်ထုတ်ဝေရာတွင် ရောင်စုံ ရုပ်ပုံများ ထည့်သွင်းခြင်း၊ ပညာရေးဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပုံနှိပ်သူများ၊ ပုံနှိပ်ထုတ်ဝေသူများနှင့် တွေ့ဆုံညှိနှိုင်းကာ ကောင်းမွန် ထိရောက်သော စာအုပ်ရရှိရေး ဆောင်ရွက်ရန်၊ ရုပ်ပုံများကို ပြန်လည်ရေးဆွဲ ဒီဇိုင်းဖော်ရာတွင် ကျား၊ မ ညီမျှစေသော ရုပ်ပုံများဖြစ်ရန်၊ အခြေခံပညာ သင်ရိုးဌာနခွဲ အနေဖြင့် ဌာနပြင်ပမှ သင်ရိုးဆိုင်ရာ ပညာရှင်များကို ရွေးချယ်ခန့်ထား နိုင်သည့်အပြင် သင်ရိုးရေးဆွဲမှု အပိုင်းမှ ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်များထံမှ အကြံဥာဏ်များ ရယူရန်၊ ဆရာများ၏ အရည်အသွေး၊ ဆရာ့လက်စွဲ စာအုပ်များ၊ ကျောင်းသုံးပုံနှိပ် စာအုပ်များ အရည်အသွေးများ တိုးတက်အောင် လုပ်ဆောင်ရန်၊ စာအုပ်များသည်လည်း သင်တန်းသားများအတွက် အားထားရသော စာအုပ်ဖြစ်ပြီး အရည်အသွေး ကောင်းမွန်စေရန်၊ အာဆီယံနိုင်ငံများ၏ သင်ရိုးညွှန်းတမ်း များကိုလည်း လေ့လာသုံးသပ်ပြီး ခေတ်နှင့် လိုက်လျောညီထွေ ဖြစ်စေရေးအတွက် လိုအပ်သလို ပြန်လည် ပြုပြင်ဆောင်ရွက် ကြရန်လည်း မြန်မာနိုင်ငံ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း အစီရင်ခံစာတွင်လည်း အကြံပြု ဖော်ပြထားကြောင်း သိရသည်။

11 media

တချိန်ကနဲ့ ခုအချိန်.....။

တချိန်က... ဘယ်လို အိပ်အိပ် အိပ်ရေးမ၀လို့ စိတ်ညစ်ရတယ်..
အခုချိန်မှာ... ဘယ်လို အိပ်အိပ် အိပ်မရလို့ စိတ်ညစ်ရတယ်....့

တချိန်က.... အငိုလွယ်သူတွေကို စိတ်ပျက်ဘူးတယ်...
အခုချိန်မှာ... ၀မ်းနည်းတိုင်း ငိုချနိုင်သူတွေကို အားကျလာတယ်..။

တချိန်က... စိတ်ဓာတ်နဲ့ ကိုယ်ကျင့်တရားဟာ အရေးအပါဆုံးလို့ ယုံကြည်ခဲ့ဘူးတယ်...။
အခုချိန်မှာ.. စိတ်ဓာတ်နဲ့ ကိုယ်ကျင့်တရားထက် အရေးပါတာတွေကို တွေ့လာရတယ်။

တချိန်က...မေမေပြောတဲ့ သစ္စာနဲ့ မေတ္တာစစ်သာပါရင် အရာရာအောင်နိုင်တယ်ဆိုတဲ့ ပုံပြင်တွေ ချိုမြိန်ခဲ့ဘူးတယ်...။
အခုချိန်မှာ အဲဒီပုံပြင်တွေ ခါးသက်လာတယ်....။

တချိန်က........။
အခုချိန်မှာ......။

တချိန်က........။
အခုချိန်မှာ......။

တချိန်က........။
အခုချိန်မှာ..........................................................။

Monday, 5 August 2013

တရားစီရင်ရာ၌ အုပ်ချုပ်ရေးပိုင်းမှ ၀င်ရောက်စွက်ဖက်နေမှု အပါအ၀င် ကော်မတီ၏ စစ်ဆေးတွေ့ရှိချက်များကို လွှတ်တော်သို့ တင်ပြထား

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ တရားရုံးများသို့ သွားရောက်စစ်ဆေးစဉ် တွေ့ရှိချက်များနှင့် လက်ရှိမြန်မာနိုင်ငံ၏ တရားစီရင်ရေး အပိုင်းတွင် အုပ်ချုပ်ရေးပိုင်းမှ ၀င်ရောက်စွက်ဖက်နေမှုများကို အဆိုပါ ကော်မတီမှ လွှတ်တော်သို့ တင်ပြထားပြီဖြစ်ကြောင်း သိရသည်။

"ကော်မတီအနေနဲ့ တရားရုံးတွေမှာ စစ်ဆေးတွေ့ရှိချက်တွေ၊ ကော်မတီရဲ့ နှစ်လည်အစီရင်ခံစာကို လွှတ်တော်ကို တင်ပြထားပါပြီ။ ဒါပေမဲ့ လွှတ်တော်က မခေါ်သေးဘူး။ လွှတ်တော်မှာ လက်ခံဆွေးနွေးတဲ့ အချိန်ကျမှ ခေါ်လို့ရမှာ။ အစီရင်ခံစာမှာ တွေ့ရှိချက်တွေနဲ့ အကြံပြုချက် သုံးချက်ကို ထည့်သွင်းထားတယ်။ လွှတ်တော်က ထုတ်ပြန်မှ တရားဝင် ဆွေးနွေးလို့ရမှာပါ" ဟုလည်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ ဦးဝင်းမြင့်က ပြောကြားသည်။

အမှုတွေ ကြန့်ကြာမှု မရှိဖို့၊ အမှုသည်တွေကိုလည်း ခုခံချေပခွင့်ပြုဖို့၊ လွတ်လပ်တဲ့ တရားစီရင်ရေးဖြစ်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ၀င်ရောက်စွက်ဖက်မှု ကင်းကင်းနဲ့ လွတ်လပ်စွာ တရားစီရင်နိုင်ဖို့ကိုလည်း လမ်းညွှန်ခဲ့ပါတယ် . . . . .

အဆိုပါကော်မတီ အနေဖြင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် စစ်ဆေးမှုများ မပြုလုပ်ရသေးသော်လည်း ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့နယ်၊ ခရိုင်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များကို စစ်ဆေးမှုများ ပြုလုပ်ပြီးသွားပြီ ဖြစ်ကြောင်းလည်း သိရသည်။

"နယ်လှည့်စစ်ဆေးရာမှာ တရားရုံးတွေဟာ ပြဋ္ဌာန်းထားတဲ့ တရားစီရင်ရေး ဥပဒေနဲ့အညီ အမှုစစ်ဆေးဖို့၊ ပြစ်မှုဆိုင်ရာ ဥပဒေတရားမ ကျင့်ထုံးဥပဒေ၊ သက်သေခံ ဥပဒေတွေ နောက်တစ်ခါ ပြဋ္ဌာန်းထားတဲ့ ပြစ်မှုတွေရဲ့ အင်္ဂါရပ်နဲ့အညီ စစ်ဆေးမှသာ တရားမှန်မှန်ကန်ကန် စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ ဘက်လိုက်မှုမရှိဘဲ အဂတိတရား ကင်းကင်းနဲ့ တရားစီရင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမှုတွေ ကြန့်ကြာမှု မရှိဖို့၊ အမှုသည်တွေကိုလည်း ခုခံချေပခွင့်ပြုဖို့၊ လွတ်လပ်တဲ့ တရားစီရင်ရေးဖြစ်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ၀င်ရောက်စွက်ဖက်မှု ကင်းကင်းနဲ့ လွတ်လပ်စွာ တရားစီရင်နိုင်ဖို့ကိုလည်း လမ်းညွှန်ခဲ့ပါတယ်" ဟု ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။ ပြည်သူ့လွှတ်တော်၌ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို၂၀၁၂ ခုနှစ် သြဂုတ် ၇ ရက်က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

J0b for Telenor

ရန်ကုန်၊ သြဂုတ် ၎

ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း တင်ဒါ အောင်မြင်ထားပြီး လိုင်စင် ရရှိရန် စောင့်ဆိုင်းနေ သော ပြည်တွင်း ဝန်ထမ်း ၉၉ ရာခိုင်နှုန်း ခန့်အပ်မည် ဟု ပြောကြားထားသည့် တယ်လီနော မြန်မာ ကုမ္ပဏီသည် လာမည့် သီတင်းပတ် တစ်ပတ်မှ နှစ်ပတ်အတွင်း ဝန်ထမ်းများ စတင် ခေါ်ယူ မည် ဖြစ်ကြောင်းနှင့် ကြိုတင် လျှောက်ထားလိုသူများ အီးမေးလ်မှ တစ်ဆင့် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ စုံစမ်း သိရှိရသည်။

အလုပ် လျှောက်ထားရန် စိတ်ပါဝင်စားမှု များပြားနေသောကြောင့် ကြိုတင် လျှောက်ထားလိုသူများ hr.myanmar@telenor.com သို့ Email မှတစ်ဆင့် ကိုယ်ရေး အချက်အလက်များ ပေးပို့ထားနိုင်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

“ဝန်ထမ်းခေါ်မယ်လို့ ကြေညာပြီးကတည်းက တစ်နေ့ကို လေး၊ ငါး၊ ဆယ်ယောက်လောက် နေ့တိုင်း ဖုန်းဆက် စုံစမ်းကြတယ်။ လက်ရှိ မှာတော့ ခေါ်ဖို့ စပြင်ဆင်နေပါပြီ။ လာမယ့် တစ်ပတ် နှစ်ပတ်အတွင်း
မှာ စခေါ်မယ်” ဟု တယ်လီနော မြန်မာ၏ မီဒီယာ တာဝန်ခံ ဒေါ်မွန်မြတ်သူ က ပြောကြား သည်။

တယ်လီနော မြန်မာ ကုမ္ပဏီတွင် အမှုဆောင် အရာရှိချုပ်အဖြစ် ခန့်အပ်ခြင်း ခံထားရသော Mr.Petter Furberg က သြဂုတ်လအတွင်း ဝန်ထမ်း ခေါ်ယူမှု များ စတင်မည်ဟု ဇူလိုင်လ ၁၇ ရက်နေ့က ပြောကြားခဲ့သည်။

တယ်လီနော ကုမ္ပဏီက ပြည်တွင်းတွင် ထူထောင် လုပ်ကိုင်မည့် ကုမ္ပဏီ၌ တာဝန် ထမ်းဆောင်မည့် ပြည်တွင်း ပြည်ပ ဝန်ထမ်းများကို လက်ရှိ လိုအပ်ချက်ပေါ် မူတည်၍ ခန့်အပ်မည့် ဝန်ထမ်း ပမာဏကို သတ်မှတ်သွား မည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီထံမှ သိရသည်။

တယ်လီနောက မြန်မာနိုင်ငံတွင် တာဝန်ယူ စီမံ ခန့်ခွဲမည့် အမှုဆောင် အရာရှိချုပ်နှင့် အမှုဆောင် အဖွဲ့ကို ဇူလိုင်လအတွင်းက ကြေညာခဲ့သည်။

ခန့်အပ်ခံရသော ဝန်ထမ်းများ အရည်အသွေး မြှင့်တင်ရန် လေ့ကျင့် သင်ကြားပေးမှုများကို တာဝန် ထမ်းဆောင်နေစဉ် ကာလ အတွင်း ပြုလုပ်ပေးမည်ဟု ၎င်းက ဆိုသည်။

ပြည်တွင်း ဝန်ထမ်း ၉၉ ရာခိုင်နှုန်း ခန့်အပ်မည်ဟု ပြီးခဲ့သော ဇူလိုင်လ ၁၀ ရက်နေ့က နေပြည်တော် တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားထားသည်။

“တယ်လီနောပိုင်တဲ့ ထိုင်းက dtac အကြောင်း လေ့လာကြည့် တယ်။ တော်တော်လေး ကောင်းတယ်ဗျ။ အဲဒါကြောင့် အခု CVကို Email ပို့ထားတယ်” ဟု ၂၀၁၁ ခုနှစ်တွင် နည်းပညာ တက္ကသိုလ်မှ ဘွဲ့ ရရှိထားသူ ဦးညီညီဝင်းက ပြောဆိုသည်။

တယ်လီနော ကုမ္ပဏီသည် လိုင်စင် ရရှိပြီး ရှစ်လ အကြာတွင် မိုဘိုင်းလ် ဝန်ဆောင်မှုများ စတင်မည် ဖြစ်ပြီး ဆင်းကတ် အရောင်းဆိုင်ပေါင်း ခုနစ်သောင်းကျော်နှင့် ငွေဖြည့်ကတ် အရောင်းဆိုင်ပေါင်း ကိုးသောင်းကျော် ဖွင့်လှစ်မည် ဖြစ်ကြောင်း ကြေညာထားသည်။

The Voice Weekly