ကျွန်တော်
ရွာလက်ရွေးစင် ဘောလုံးသမား (၁)
ကျွန်တော်တို့ ၇ွာလေးမှာ ဘောလုံးပွဲဆိုတာ သိပ်ခပ်စားတာဗျ..
သူက လူစိတ်အ၀င်စားဆုံး နံပါတ် သုံးလောက်မှာ ရှိနေတယ်။ အဟီး နံပါတ်တစ်ကတော့ ၂လုံး၊ ၃လုံး။
နံပါတ်နှစ်ကတော့ ဖဲဝိုင်းနဲ့ ကြက်ဝိုင်း၊၊ ဒါတွေကို နေရာပေးလိုက်၇တော့ ဘောလုံးက နံပါတ်သုံးဖြစ်သွားတာ..။
ဒါတောင် ရွာဘောလုံးပွဲတွေမှာ လောင်းကြေးလေးပါမှ လူပိုပြီးစိတ်ဝင်စားတာ။ အဲဒီလောက် ကျွန်တော်တို့
ရွာသားတွေက စီးပွားရေးကို ထိပ်တန်းဦးစားပေးအဖြစ်သတ်မှတ်ထားတာလေ..။ အဟဲ.. ကြွားရဦးမယ်..။
ကျွန်တော်က ဘောလုံးဆို လွှတ်ဝါသနာပါတာဗျ..။ ရွာက ရွယ်တူဆိုလို့ကတော့ သုံးယောက်လောက်ကို
အသာလေးလိမ်နိုင်တဲ့ ရှေတန်းတိုက်စစ်မှူးလေ..။ အဲဒီအလိမ်တော်တဲ့ အကျင့်က ခုထိကိုပါနေတုန်းပဲ..
အဲ ပေါ်ကုန်ပြီ..။ ဘောလုံးနည်းနည်းပါးပါး ကန်တတ်မှန်းသိပေမယ့် ရွာပွဲတွေမှာတော့ ကျွန်တော်အရံထဲမှာတောင်နေရာ
မရသေးဘူး.။ အရွယ်ကလည်း ကလေးမကျ၊ လူကြီးမကျ
၁၃၊ ၁၄ နှစ်။
တနေ့တော့ ဘေးနားက ရန်ဘက်ရွာမှာ ကျွန်တော်တို့ရွာကလူကြီးက
အဲဒီရွာက လူကြီးနဲ့ အရက်သောက်ရင်း မူးလာတော့ ရွာချင်းဘောလုံးချိန်းကန်ဖို့ စိန်သွားခေါ်တယ်။
အမှန်က ကျွန်တော်တို့ရွာက သူတို့ရွာကို တစ်ခါမှမနိုင်ဘူးသေးဘူး..။ ကန်တိုင်းရုံးပဲ။
ဒါကြောင့် အဲဒီကြောင့် တဘက်ရွာလူကြီးက ကျွန်တော်တို့ရွာကို မိနစ်ကိုးဆယ်ကို တစ်ဂိုးသရေ
ပေးတယ်။ ကန်တာနဲ့ ကျွန်တော်တို့ အလိုလိုတစ်ဂိုးရပြီးသားပေါ့။ရူံးမှာကိ
ုသိရက်နဲ့ မူးမူးနဲ့လောင်းကြေးတွေ နေ့တွေသက်မှတ်ပြီး
သူဘာသာမူးကြောင်ရူးကြောင်နဲ့ လုပ်ချင်ရာလုပ်လာတယ်။ ရွာက ဘောလုံးသမားတွေကို ခေါ်ပြီး
ရွာလူကြီးက သူချိန်းလာတဲ့ အကြောင်းပြောတော့ ဘယ်သူကမှစိတ်မပါဘူး။ ဘယ်စိတ်ဝင်စားမလဲ။
ကန်လည်းရုံးမှာကိုသိနေတာကို။ ရွာက ဘောလံုးသူရဲကောင်းအပေါင်းက သေချာပေါက်နိုင်မဲ့ အသင်းကိုပဲ
ရဲရဲရင့်ရင့် မတွန့်မဆုတ်ကန်ချင်တာ.။ ဒီလိုရှုံးမှာ သေချာနေတဲ့ အသင်းမျိုးဆို မကန်ချင်ကြဘူး။
ဒါပေမယ့် ရွာလူကြီးရဲ့ တချက်လွှတ်အမိန့်ကြောင့်သာ ငြိမ်နေရတာ.။
ဒီလိုနဲ့ ဘောလုံးကန်တဲ့နေ့ကိုရောက်လာပါတယ်။
တဘက်ရွာက ဘောလုံးအသင်းကတော့ ပရိတ်သတ်အင်အားတောင့်တင်းစွာနဲ့ ကျွန်တော်တို့ရွာ ကွင်းကိုချီတတ်လာပါတယ်။
ကျွန်တော်တို့ ရွာကတော့ အိမ်ကွင်းပေမယ့် ပရိတ်သတ်သိပ်မရှိပါဘူး။ ရွာပရိတ်သတ်ကလည်း အဲဒီလိုပဲ
ရှုံးမယ့် အသင်းနဲ့ကန်ရင် သိပ်လိုက်အားမပေးကြဘူး။ ရှုံးရင် ရှက်လို့တဲ့…။ အဲ ကိုယ့်ရွာအသင်းများ
သေချာပေါက်နိုင်နိုင်တဲ့ အသင်မျိုးဆိုလို့ကတော့ ဘယ်လောက်ဝေးဝေး ကလေးလက်တို့ ခွေးအို့အို့ခေါ်ပြီး
တစ်ရွာလုံးလိုက်အားပေးကြတာဗျ…။ ကိုယ့်ပရိတ်သတ်ကတော့ အခုပွဲမှာ ကျီးနဲ့ ဖုတ်ဖုတ်ပဲဆိုပါတော့…။
ကျွန်တော်လား..ဟိဟိ.. ၀င်ကန်ရဖို့ဝေးစွ အရံစာရင်းထဲတောင်မပါဘူး..။ ဘောလုံးပွဲစကတည်းက
ကိုယ့်ရွာအသင်းခြေထောက်ထဲ ဘောလုံးရဖို့ဆိုတာ တကမ္ဘာလောက်ကြာမယ်ထင်တယ်။ တဖက်အသင်းရဲ့
ဒလကြမ်းတိုက်စစ်ကိုပဲ အသေအလဲခုခံကာကွယ်နေရရှာတယ်..။ တဘက်ပရိတ်သတ်ကတော့ လေကြီးတဲ့ရွာလူကြီးကို
ဆုံးမဖို့ ဂိုးများများသွင်းဖို့ အော်ဟစ်အားပေးနေကြတယ်။ ဒါပေမယ့် သူတို့အတွက် ထင်သလောက်တော့မလွယ်ပါဘူး…။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အသင်းက ရှိသမျှ တစ်သင်းလုံးက ကိုယ့်ဂိုးပေါက်ထဲမှာပဲနေပြီး
မကန်ပဲရထားတဲ့ တစ်ဂိုးကိုပဲ မဆုံးရှုံဖို့ ကာကွယ်ရင်း သရေလုပ်ကစားနေတာလေ..။ တဖက်အသင်းကတော့
ဒီလိုပဲဂိုးပေါက်ပိတ်ပြီးဆော့နေတော့ စိတ်တိုပြီး တော်တော်ကိုကြမ်းကြမ်းတမ်းတမ်းကစားလာတယ်။
ဒါပေမယ့် ကိုယ့်ရွာအသင်းကလည်း မကြောက်မရွံနောက်မတွန့်ပဲ တစ်ယောက်ကို ထမ်းစင်းနဲ့ထုတ်၊ သုံးယောက်ကိုကွင်းထဲက
တွဲထုက်ရတဲ့အထိ သူရဲကောင်းပီသစွာ ဂိုးရှေ့မှာ အသေခံကာကွယ်နေတယ်။
ပထမပိုင်းလည်းပြီးရော ကိုယ့်ရွာပရိတ်တော်တော်များများေ၇ာက်လာကြတယ်။
ဒီလိုကောင်းတဲ့အသင်းကို ပထမပိုင်းအထိ သရေခံကစားထားတာကြောင့်ေ၇ာ၊ တဖက်အသင်းက ကိုယ့်ရွာကွင်းလာကစားပြီး
အရမ်းညစ်နေတာကြောင့်ရော မခံချင်စိတ်နဲ့ အားပေးဖို့ထွက်လာကြတယ်။နှစ်ဘက်ပရိတ်သတ်က ကျွန်တော်တို့
အသင်းဂိုးဖက်တခြမ်းမှာပဲ ကြိတ်ကြိတ်တိုးနေပြီး တဘက်ဂိုးဘက်မှာတော့ တယောက်မှမရှိဘူး။
ဘယ်ရှိမလဲ ဘောလုံးက ကျွန်တော်တို့ဂိုးပေါက်မှာပဲရှိနေတာကို..။ တဖက်ဂိုးသမားနဲ့ နောက်ခံလူတွေဆို
အအေးပတ်မှာတောင်စိုးရတယ်။ အရေးထဲ ကွင်းထဲက ဘောလုံးသမားတွေ ရန်မဖြစ်ပဲ နှစ်ဖက်ပရိတ်သတ်ထဲက
မိန်းကလေးတွေ ရန်ဖြစ်လို့ ဘောလုံးပွဲခဏနားရသေးတယ်။ အဲ… ကျွန်တော်တို့ အသင်းရဲ့ ငါးယောက်မြောက်ကစားသမား
ဒဏ်ရာနဲ့ အောင်မြင်စွာ ကွင်းထဲကထွက်လာပြီးနောက် အစားထည့်စရာ ဘောလုံးသမား မရှိတော့ပါ..။
ရွာကလူကြီးတွေ ခေါင်းချင်းရိုက်တိုင်ပင်ပြီး အဖြေမရတဲ့အဆုံး ရွာလူကြီးရဲ့” ဦးဖိုးထောင်
သားလေးကိုသာ ထည့်လိုက်” ဆိုတဲ့ တချက်လွှတ်အမိန့်အောက်မှာ ကျွန်တော်ဟာ ရွာရဲ့ အသင်းကြီးလက်ရွေးစင်အဖြစ်
ပထမဆုံးအကြိမ်ပွဲထွက်ခွင့်ရ သွားတယ်။ ရတဲ့အခွင့်အရေးကို အသုံးချလို့ ကြိုးကြိုးစားစားကန်ရအောင်လည်း..
၇ွာလူကြီးရဲ့ နောက်ပြန်မဆင်းနဲ့ရှေ့မှာပဲနေဆိုတဲ့ စကားကြောင့် ကျွန်တော်မှာ ဂွကျနေတယ်..။
ဘောလုံးနဲ့ ကျွန်တော်ခြေထောက်က ကွင်းထဲဝင်ပြီး မိနစ်လေးဆယ်လောက်အထိမထိ၇သေး။ ဘောလုံးက
တဘက်အသင်းဂိုးေ၇ှ့ကိုေ၇ာက်မှမေ၇ာက်တာ..။ ဘောလုံးမေ၇ာက်လို့ နောက်ပြန်ဆင်း၇င်လည်း
ရွာလူကြီးက ကျွန်တော်ကို လေးဂွကြီးတချိန်ချိန်နဲ့ဆဲတော့တာပဲ။
ဒီလိုနဲ့ ပွဲပြီးဖို့ မိနစ်အနည်းငယ်အလိုမှာတော့
တဖက်နောက်ခံလူတွေနဲ့ အေးအေးဆေးဆေး စကားပြောနေတဲ့ ကျွန်တော့နားကို ဘယ်ကဘယ်လိုဖြစ်ပြီး
ဘောလုံးကရောက်လာလဲမသိဘူး။ ကျွန်တော်လည်း အတတ်နိုင်ဆုံးကြိုးစားယူပေမယ့် ကွင်းထဲမကန်ရပဲ
မတ်တပ်ရပ်နေရတာု့ အကြောတွေဆိုင်းနေလို့ ထင်သလိုမဖြစ်ပဲ ကျွန်တော်နဲ့ထိပြီး ဘေးထွက်ဘောဖြစ်သွားတယ်။
ဒါနဲ့ သူတို့လက်ပစ်ဘောမြှောက်တယ်။ ကျွန်တော်က တစ်ယောက်တည်း သူတို့နောက်ခံလူက သုံးယောက်၊
ဂိုးသမားနဲ့ဆို လေးယောက်။ ကျွန်တော်ကလည်း လက်ပစ်ဘောမြှောက်တာကို ကြိုးကြိုးစားစား လိုက်မယ့်ပုံမပြပဲ
နေလိုက်တော့ သူတို့ကလည်း ဒီကလေးလေးတစ်ယောက်တော့ မှုစရာမရှိဆိုတဲ့ပုံစံနဲ့ ပြီးစလွယ်မြှောက်တယ်။
အဲဒီမှာတင် ကျွန်တော် မြန်နိုင်သမျှမြန်မြန် ပြေးဝင်သွားပြီး ဘောလုံးကိုဝင်ယူတယ်..။
ရုတ်တရက်မို့ နောက်ခံလူတွေ ကြောင်အမ်းအမ်းဖြစ်နေတုန်း ကျွန်တော်လှည့်ထွက်ကာ ဂိုးဆီကို
တဟုန်ထိုးဆွဲပြေးပြီး ကန်သွင်းလိုက်တယ်။ ဂိုးသမားလည်း အလန့််တကြားနဲ့ ဒိုက်ဗင်ပစ်ဖမ်းပေမယ်.
သူ့လက်ဘေးလေးကနေပြီး ဘေားလုံးက ကပ်ထွက်သွားတယ်။ ဒါပေမယ့် ကံဆိုးစွာပဲ ဘောလုံးက ဂိုးတိုင်ဘေးကနေကပ်ထွက်သွားပါတယ်။
ပရိတ်သတ်တွေရဲ့ “ဂိုး”လို့ ကျယ်လောင်စွာ အော်သံကြီးက ဟိန်းထွက်လာတယ်။ ကျွန်တော်ရုပ်တရက်တော့ ရွာကပရိတ်သတ်တွေ မဂိုးပဲ
ဂိုးလို့အော်နေတာကို ကြောင်ကြည့်နေမိတယ်။ နောက်မှ ချှော်လဲ ရောထိုင်လုပ်မှပဲလို့တွေးမိတယ်။အဲဒီတော့
အောင့်ပွဲခံတဲ့ပုံစံနဲ့ လက်နှစ်ဖက်မြှောက်လျှက် ကစားဖေါ်တွေ၇ှိရာကို ပြန်ပြေးရင်းဖြင့်
ဂိုးဝင်ဟန်ဆောင်လိုက်ပါတယ်…။
ရွာကွင်းဆိုတော့
ဂိုးပိုက်မရှိပဲ ဂိုးတိုင်သာစိုက်ထားတာမို့ မိုးမှောင်မှောင်မှာ ဘောလုံးတိုင်ဘေးက ကပ်ထွက်သွားတာကို
ကျွန်တော်ရယ်၊ နောက်က ဒလကြမ်းလိုက်လာတဲ့ နောက်ခံလူတစ်ယေက်ရယ်က လွဲရင် ဒိုင်လူကြီးအပါအ၀င်
ပရိတ်သတ်အားလုံးက ဂိုးအဖြစ် သတ်မှတ်ကြတယ်.။ ရွာက ပရိတ်သတ်တွေကွင်းထဲပြေးဝင်လာပြီး ပွေ့ဖက်ဂုဏ်ပြုချီးကျူးသံတွေအောက်မှာ
တဖက်အသင်းနောက်ခံလူတစ်ယောက်ရဲ့ “ဟေ့ကောင် မဂိုးဘူးလေကွာ”ဆိုတဲ့ အသံက စုန်းစုန်းမြှုပ်သွားရှာတယ်။ဖြစ်ချင်တော့
အဲဒီဂိုးတိုင်းနောက်မှာက တစ်ယောက်မှမရှိတာပဲ.။ အားလုံးက ကျွန်တော်တို့ အသင်းဘက်ပဲ ဘောလုံးရောက်နေလို့
ဒီဘက်အသင်းဂိုးတိုင်နားမှာ ပရိတ်သတ်တစ်ယော်ကမှမရှိတာပဲ….။်
ဒီလိုနဲ့ သိပ်မကြာခင်မှာပဲ ပွဲသိမ်းခရာမှုတ်လို့
ကျွန်တော်တို့အသင်းက တဘက်အသင်းပေးတဲ့ ဂိုးကြောတစ်ဂိုး၊ ကျွန်တော် ကန်သွင်းတဲ့ မ၀င်ပဲရခဲ့
တစ်ဂိုး၊ စုစုပေါင်း နှစ်ဂိုး၊ ဂိုးမရှိနဲ့ ပြတ်ပြတ်သားသားကြီး အနိုင်ယူကာ အဲဒီရွာကို တစ်ကြိမ်နိုင်ဘူးတယ်ဆိုတဲ့ သမိုင်းသစ်ကို
ကလိမ်ကကျစ်ရေးထိုးနိုင်ခဲ့ပါတယ်။ အဲဒီနေ့က တစ်ရွာလုံးအပျှော်ကြီးပျော်နေကြတာပေါ့။ ညပိုင်းအောင်ပွဲခံ
စားကြသောက်ကြတဲ့ပွဲမှာ ရွာလူကြီးက ကျွန်တော့်ကိုလူစားထည့်တဲ့ သူ့ဆုံးဖြတ်ချက်မှန်ကန်ကြောင်း၊
နောက်ကန်မယ့် ရပ်ကျေးဘောလုံးပွဲတွေမှာလည်း ကျွန်တော့်ကို ရှေ့တိုက်စစ်အဖြစ် ထားရမယ့်အကြောင်း၊
ဘောလုံးသဘောသဘာဝတွေကိုဆရာကြီး စတိုင်နဲ့ ပြောနေတာကို ရွာလူတွေက ကျေကျေနပ်နပ်ကြီးထောက်ခံနေကြတာကို
ကြည့်ပြီး.. အြော်.. ငါတို့ ရွာလူကြီးကို ရွာသားတွေထောက်ခံတာ အခုတစ်ကြိမ် ပထမဆုံးပဲလို့တွေး
ပြီး ပြုံးမိတယ်။ လူနည်းနည်းလည်းရှင်းရော ကျွန်တော်က ရွာလူကြီးနားကပ်ပြီး ကျွန်တော်သွင်းလိုက်ဂိုးက မ၀င်ပါဘူး
ဘေးကကပ်ထွက်သွားတာလို့ပြောလိုက်တာနဲ့ သူရဲကောင်းချီးကျူးပြောဆိုနေတာကနေ လည်းပင်းထညှစ်တော့တာပဲ..
ပြီးတော့ မင်းသေချာမမြင်ပဲနဲ့ ပေါက်ကရတွေမပြောနဲ့တဲ့..။အြော် သွင်းလိုက်တဲ့လူထက် အဝေးကြီးက
လူကပိုမြင်နေပါလား..။ မခုထိလည်း ဘယ်ရွာသားကမှ ကျွန်တော်သွင်းတဲ့ဂိုးဟာ မ၀င်ဘူးဆိုတာကို
လက်မခံကြပါ။ ဘာပဲပြောပြော အဲဒီဂိုးကို ကျွန်တော်ဘယ်လောက်ပဲ
လိပ်ပြာမသန့်ဖြစ်စေဦး.. ကျွန်တော်ဖြစ်ချင်တဲ့ ၇ွာရဲ့ လူကြီးအသင်းကစားသမားတော့ ဖြစ်ခဲ့ရပါတယ်။
တစ်ချိန်တစ်ခါက ကစားဖေါ်သူငယ်ချင်းများအား
အမှတ်တရဖြင့်
စည်သူ

No comments:
Post a Comment